အကျဉ်းထောင်တွေ ထဲက တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေအနက် ၅၅ ဦး ကို ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင့်ဂုဏ်ထူး ၂ ဘာသာအထက်ရရှိသူ၂ ဦး၊၁ ဘာသာဂုဏ် ထူးရရှိသူနဲ့ ရိုးရိုး အောင်မြင်သူ ၃၆ ဦး စုစုပေါင်း ကျောင်းသား ၃၈ ဦးကိုလည်း လျော့ရက် ခံစားခွင့်ပြုခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။
ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁)အရနိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှလွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ခြင်းဖြစ်ပြီးခုလို ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တာဟာကျောင်းသားတွေစာမေးပွဲ အောင်မြင်မှုပေါ် ချီးမြှင့်ခြင်းဖြစ်သလိုလူမှုရေးအရ ငဲ့ညှာလိုက်တာဖြစ်တယ်လို့သိရပါတယ်။"ရန်ကုန်နဲ့မန္တလေးကအများဆုံးပါဝင်ပါတယ်။ရန်ကုန်က၂၅ ဦးနဲ့မန္တလေးက၂၉ ဦးရှိပြီး ကျန်တဲ့ အကျဉ်းထောင်ကတစ်ဦးပဲပါတယ်။ဆယ်တန်းဖေဆိုအောင်မြင်တဲ့ ပြစ်ဒဏ်ကျအကျဉ်းသားအများစုက မူးယစ်ဆေးဝါးတွေပါ "လို့ လို့အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်ဦးရဲရင့်နိုင်ကပြောပါတယ်။
တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ အကျဉ်းထောင်တွေမှာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နဲ့၂၀ ၁၉-၂၀၂၀ ပညာသင်နှစ်တွေမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူတွေထဲက ထူးချွန် ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
သမ္မတကလွတ်ငြိမ်းချမ်းသာဖြင့် ပြန် လွတ်လာသူတွေဟာ ပြစ်ဒဏ်ကျခံရန် ရက်ကျန် ကာလ ၁ နှစ်ဝန်း ကျင်ရှိသူ ၁၃ ဦး၊ဂုဏ်ထူး ၂ ဘာသာနဲ့အထက်၂၉ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူနဲ့ရိုးရိုးအောင် ၁၃ ဦး တို့ပဲဖြစ်ပါတယ်။၂၀၁၈-၁၉ စာသင်နှစ်မှာ အကျဉ်းသူ အကျဉ်းသား ၁၇၁ ယောက်ဖြေဆိုပြီး ၉၄ ဦးအောင်မြင်ခဲ့လို့ ၅၄ ဒဿမ ၉၇ ရာခိုင်နူန်းဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနမှထုတ်ပြန်ချက် အရသိရပါတယ်။
၂၀၁၉-၂၀ တက္ကသိုလ်ဝင်တန်းစာမေး ပွဲမှာတော့ အကျဉ်းထောင် ၁၁ ခုမှ အ ကျဉ်းသား ၁၆၂ ဦး၊အကျဉ်းသူ၁၃ ဦး၊အချုပ်ကျတရားခံ ၃ ဦးစုစုပေါင်းအကျဉ်းသား ၁၇၈ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်ချက် ၆၀ ဒဿမ ၆၇ ရာခိုင်နူန်းရှိခဲ့ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။