မတ်လ ၂၇ ရက်မှာ ရန်ကုန်မြို့ အထင်ကရနေရာတွေကို သွားရောက်မှာပါ။

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ကျောင်းသားလူငယ်တွေကို ရန်ကုန်မြို့တွင်းမှာ ရှိတဲ့ အထင်ကရ သမိုင်းဝင်နေရာတွေ လေ့လာလို့ရအောင် အခမဲ့ပို့ဆောင်ပေးသွားမယ်လို့ Travel with Me အဖွဲ့အစည်းကနေ သိရပါတယ်။

Photo - Travel with me (ပထမအကြိမ် ရန်ကုန်မြို့အထင်ကရနေရာတွေကို လေ့လာကြစဉ်)



အဆိုပါ အစီအစဉ်ကို  “ နီးလျက်နဲ့ မဝေးစေချင်” လို့ အမည်ပေးထားပြီးကျောင်းသားလူငယ်တွေကို ခရီးသွားဗဟုသုတရရှိစေရန်၊ ပတ်ဝန်းကျင်မှာရှိတဲ့ ဗဟုသုတတွေ တိုးပွားလာစေရန်၊ သမိုင်းဝင်နေရာတွေကို ကြည့်ရှုပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို နားလည်လာစေရန် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ Travel with Me အဖွဲ့အစည်းမှ ဦးဆောင်သူ ကိုမျိုးမင်းသူက Duwun ကိုပြောပါတယ်။

“ ဒီပရိုဂရမ်က ရန်ကုန်မြို့ကနေ စတာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ တစ်နိုင်ငံလုံးမှာလုပ်သွားဖို့ရှိတယ်။ ရန်ကုန်မြို့မှာ အထင်ကရနေရာတွေရှိတယ်။ဒါပေမယ့် လူတွေကသတိမထားမိကြဘူး။ ကျော်သွားတာမျိုးရှိတယ်။ ဒါကြောင့် အဲဒီနေရာတွေကိုတခုတ်တရနဲ့ လိုက်ပို့ပေးမှာပါ” လို့ ကိုမျိုးမင်းသူက ဆိုပါတယ်။

အာဇာနည်ဗိမာန်၊ သွေးဆေးကန်၊ မဟာဝိဇယစေတီ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ ဒေါ်ခင်ကြည် ဂူဗိမာန်၊ စုဘုရားလတ် မိဖုရား ဂူဗိမာန်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့် ဂူဗိမာန်တို့တည်ရှိတဲ့ မင်းကတော်ဥယျာဉ်၊ အိန္ဒိယရဲ့ နောက်ဆုံး မဂိုဘုရင်မင်းဆက် ဖြစ်တဲ့ မဟာဒူးရှားဇဖာရ်ရဲ့ ဂူဗိမာန်စတဲ့ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ လည်ပတ်မှာဖြစ်တယ်လို့သိရပါတယ်။

Photo - Travel with me (ပထမအကြိမ် ရန်ကုန်မြို့အထင်ကရနေရာတွေကို လေ့လာကြစဉ်)

ခရီးသွားစိတ်ဝင်စားတဲ့ ကျောင်းသားလူငယ် အယောက် ၄၀ ကို ရွေးချယ်ထားပြီး မတ်လ ၂၇ ရက် မနက် ၈ နာရီခွဲမှာ အာဇာနည်ကုန်းရှေ့ ကနေ ခရီးစဉ်စတင်မှာဖြစ်ကာ နေ့လယ် ၁၁ နာရီကျော်မှာ ခရီးစဉ် ပြီးဆုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂ ရက်တုန်းကလည်း စိတ်ဝင်စားတဲ့ ကျောင်းသား လူငယ် အယောက် ၄၀ ခန့် ပါဝင်ခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က