ဇာတ်ကား မရိုက်ရတော့တဲ့ ဇာတ်ပို့ ဇာတ်ရံတွေ အများကြီးပါ။

သရုပ်ဆောင် ဝက်မ ကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ချင်ပေမယ့် ဈေးကွက်မဝင်တဲ့ ဇာတ်ပို့ သရုပ်ဆောင်တွေကို ခေါ်မရိုက်ကြတဲ့ အခါ အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

 

Photo: ဝက်မ



ဇာတ်ပို့သရုပ်ဆောင် ဝက်မ ကတော့ အနုပညာ အလုပ်တွေနဲ့ ဝေးကွာသွားခဲ့ရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ပရိသတ်အားပေးမှုတွေရရှိထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာဆိုရင် အောင်မြင်တဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေကိုသာ ခေါ်ရိုက်ကြတာဆိုတဲ့အပေါ် Duwun ကနေတဆင့် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

“ အထူးသဖြင့် MRTV-4 ဇာတ်လမ်းတွဲတွေရိုက်တယ်။ အဲဒီမှာ အပြင်က Professional တန်းက ဇာတ်ပို့ဇာတ်ရံတွေကို သုံးတာ သိပ်မတွေ့ဘူး။ သုံးရင်လည်း အောင်မြင်တဲ့ ဇာတ်ပို့ ဇာတ်ရံတွေလောက်ပဲ ခေါ်သုံးကြတာ ဦး တို့ အတွက်က မလွယ်တော့ဘူး။ ဗီဒီယိုတွေကလည်း ရပ်သွား ပြီ။ ရုပ်ရှင်ဆိုတာကလည်း ကန်ထရိုက်ဆိုတာကြီးကို အိပ်မက်တောင် မက်လို့ မရတော့ပါဘူး။ ကိုသားကြီး မဆုံးခင်တုန်းက အထိ ကန်ထရိုက်ဆိုတဲ့ အရသာကို အပြည့်အဝ ခံစားဖူးခဲ့ပါတယ်။ ကံတရားက ဘာဖြစ်လို့ ကိုယ်တွေကို မတွေ့တာလဲ၊ တကယ်တမ်း ဒုက္ခရောက်နေတဲ့ သူတွေကို ဘာကြောင့် ခေါ်ပြီးတော့ မရိုက်တာလဲ ဆိုတာကို စိတ်မကောင်းဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: ဝက်မ

ဝက်မ ဟာ အနုပညာအလုပ်ကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူ တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့အထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသူပါတဲ့။ အခုချိန်မှာ ဇာတ်ကားတွေ မရိုက်ကြတော့တဲ့ အချိန်မှာ အရမ်းကို စိတ်မကောင်းဖြစ်နေမိတယ်လို့ သူကဆိုပါတယ်။ “ ငယ်ငယ်ကတည်းက ကိုယ်ရူူးသွပ်ခဲ့၊ ကိုယ်ဝါသနာပါခဲ့တာ အနုပညာအလုပ်ပဲလေ။ Covid ကြီးပြီးရင်လည်း ကိုယ့်ရဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံး ပြန်တွေ့ချင်တာပေါ့။ တစ်ခု အားငယ်တာကလေ အစ်ကိုတို့လို ဈေးကွက်မဝင်တဲ့ ဇာတ်ပို့ ဇာတ်ရံ တော်တော်များများကို မသုံးကြတွေ များတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး။ ဥပမာပြောရရင် ဒီကာရိုက်တာကိုတော့ ငါ ရရင် ငါလုပ်နိုင်မှာပဲ၊ ငါနဲ့ဆိုရင် လိုက်မှာပဲ ဆိုတာ ရင်ထဲမှာ အတွေးမှာပဲရှိတယ်။ ဒါပေမယ့် သူတို့ ခေါ်သလားဆိုတော့ သူတို့ အနီးအနားမှာ ရှိတဲ့ လူလောက်ပဲ ခေါ်ကြတာ။ ဦးလိုပဲ လုပ်နိုင် ကိုင်နိုင်တဲ့ လူတွေ အများကြီးပါ” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။

Photo: ဝက်မ

 ဝက်မကိုတော့ ‘’ရယ်စရာပျော်စရာ ဟာသကမ္ဘာ’’ အစီအစဉ်တွေမှာ အမြဲတမ်း တွေ့မြင်နေရတာဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ များစွာ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ဝက်မရဲ့ စကားသံဝဲဝဲ နဲ့ ဟာသစကားတွေ ပြောတတ်ပုံတွေကတော့ ပရိသတ်တွေကို ပိုပြီး သတိထားမိစေခဲ့တဲ့ အချက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က