၃၁ ခုရှိပါတယ်။

အွန်လိုင်းဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာကို အသုံးချပြီး သတင်းအတုတွေ၊ သတင်းအမှားတွေနဲ့ သတင်းတွေကို ကူးယူဖြန့်ဝေနတဲ့ ဆိုက်ပေါင်း ၃၁ ခုကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Photo - Myanmar Press Council

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ ဧပြီလ နောက်ဆုံးပတ်အတွင်း ကျင်းပခဲ့တဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင်ကြီးလေးရပ် အလုပ်ရုံဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေအရ သတင်းခိုးယူမှု စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် သတင်းခိုးယူမှု စောင့်ကြည့်ရေးအဖွဲ့ကနေ ပေးပို့လာတဲ့ အွန်လိုင်းဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွေကို မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ထားခြင်းရှိ မရှိကို စိစစ်ပြီးထုတ်ပြန်ခဲ့တယ်လို့ ကောင်စီရဲ့ မေလ ၂၇ ရက်နေ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

"ကောင်စီကတော့ ဒီလို သတင်းအမှားတွေ သတင်းခိုးတာတွေ လုပ်နေတဲ့ Page တွေကို ထုတ်ပြန်ကြေညာခြင်းအားဖြင့် အရေးယူတာပေါ့။ တရားစွဲတာတွေ ဘာတွေကတော သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားစွဲရမှာပါ။ အစိုးရက စောင့်ကြည့်နေတယ်ဆိုတဲ့ Social Media စောင့်ကြည့်တဲ့ အဖွဲ့က အရေးယူတာမျိုးတွေ လုပ်သင့်တာပေါ့"လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။

အခုထုတ်ပြန်ထားတဲ့ သတင်းခိုးယူဖြန့်ဝေတဲ့ ဆိုက်က်တွေဟာ တခါတရံမှာ သတင်းတွေနဲ့အတူ အချက်အလက်အမှားတွေကို ဖြန့်ဝေတတ်ကြပြီး လူအနည်းငယ်ကပဲ လုပ်ဆောင်နေတယ်လို့ ယူဆရကြောင်းလည်း သူက ဆက်လက်ပြောပါတယ်။ သတင်းခိုးယူမှု စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ ဆက်လက် စောင့်ကြည့်နေမှာဖြစ်ပြီး နောက်ထပ်တွေ့ရတဲ့ ဆိုက်တွေကိုလည်း ထုတ်ဖော်သွားမယ်လို့ ကောင်စီက ကြေညာထားပါတယ်။

Share

Loading Next Article...
က္က