" လွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲနဲ့ အတည်ပြုပေးလိုက်ပါတယ်။ သမ္မတက အမည်စာရင်းပေးတာကို လွှတ်တော်ဥက္ကဌက ဖတ်ကြားပေးပါတယ်။ ဒီအပေါ်မှာ တစ်ဦးမှ သဘောမတူတဲ့သူ မရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် (ဦး) က ဆိုပါတယ်။
အဆိုပါ အတည်ပြုချက်ကို နိုင်ငံတော်သမ္မတထံကို ပြန်လည် ပေးပို့ရမှာဖြစ်ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပြီးနောက် ဦးမြင့်မောင်ဟာ တိုင်းလွှတ်တော်မှာ ကတိသစ္စာပြုပြီး ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။ ဦးမြင့်မောင်ဟာ ယခင်က တနင်္သာရီတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ယာယီ တာဝန်ထမ်းဆောင်နေပါတယ်။
ဦးမြင့်မောင်ဟာ နိုင်ငံရေးသမိုင်းကြောင်းနောက်ခံကောင်းသူ၊ အဂတိကင်းသူတစ်ဦးဖြစ်ပြီး အလုပ်ကြိုးစားသူဖြစ်တာကြောင့် ကန့်ကွက်စရာမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် (ဦး) သုံးသပ်ပြောခဲ့ပါတယ်။ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကတော့ အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရပြီး လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။