မေမေလှတယ်ဆိုတာ မီးမီးတို့က ရယ်တာပေ့ါတဲ့။

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

Photo : ချစ်သုဝေ

ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေး ခေတ်နဲ့သစ်တို့ဟာ တစ်နေ့တခြားကို ပိုပို ချစ်ဖို့ ကောင်းလို့လာပါတယ်။ အခုလည်း မေမေချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေ တင်ပြီး ယခုလို စာလေး ရေးထားတာတွေ့ရပါတယ်။

“ မေမေ့ကိုလှတယ်ထင်နေတာလား။ မီးမီးတို့က ရယ်သေးတာပေ့ါ” ဆိုပြီး ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ

ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရတဲ့ သမီးလေး တွေဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ သမီးလေးတွေကို မေမေချစ်သုဝေတစ်ယောက် ချစ်မဝဖြစ်လို့နေပါတယ်။ အခုဆိုရင် ခေတ်နဲ့သစ်လေးတို့က (၂) နှစ်ကျော်အရွယ်ကို ရောက်ရှိနေပါပြီဖြစ်သလို သူတို့လေးတွေကကျောင်းလည်းတက်နေရပါပြီ။

အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

Photo : ချစ်သုဝေ

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

Photo : ချစ်သုဝေ

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က