နေအိမ်အပြင်ဘက်မှာသာမကပဲ နေအိမ်အတွင်းမှာရှိနေချိန်တွေမှာတောင် မိုးကြိုးစက်ကွင်း အန္တရာယ်ရှိနိုင်ဟုဆို

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကနေ ၂၀၂၀ ခုနှစ် ဇွန်လ (၆)ရက်နေ့အထိ မိုးကြိုးပစ်ခံရမှုကြောင့် လူပေါင်း (၁၉၅)ဦးအထိ သေဆုံးခဲ့ကာ (၇၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

“ ဒီနှစ်ဆိုရင် ဇန်နဝါရီလ ကနေပြီးတော့ ဇွန်လဆန်းအထိ ဧရာဝတီတိုင်းက အများဆုံးဖြစ်တယ်။ ဧရာဝတီတိုင်းမှာ ဖြစ်စဉ် (၁၉)ကြိမ် သေဆုံး (၁၇)ယောက် ၊ ပြီးရင် ပဲခူး၊ စစ်ကိုင်းပေါ့၊ ၂၀၁၉ ထဲမှာဆိုရင်တစ်နှစ်လုံးမှာ ဧရာဝတီတိုင်းကအများဆုံးဖြစ်တယ် နောက်ပြီးရင် ပဲခူး၊ စစ်ကိုင်း ဒီ တိုင်းနဲ့ပြည်နယ်တွေကတော့ အများဆုံးဖြစ်တယ်” လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုး ဦီးစီးဌာန မှ ညွှန်ကြားရေးမှုး ဒေါ်ဖြူလဲ့လဲ့ထွန်းမှ Duwun ကို ပြောပါတယ်။

မိုးကြိုးပစ်ခံရမှုတွေဟာ နေအိမ်အပြင်ဘက်မှာသာမကပဲ နေအိမ်အတွင်းမှာရှိနေ ချိန်တွေမှာတောင် မိုးကြိုးစက်ကွင်း အန္တရာယ်ရှိနိုင်တယ်ဆိုတာကို သတိထားသင့်ကြောင်း တိုက်တွန်းထားပါတယ်။ လက်ရှိမိုးကြိုးဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ လယ်ကွင်းထဲမှာ အလုပ်လုပ်နေစဉ်၊ အိမ်အပြင်ဘက်မှာ လူတွေ တစ်စုတစ်စည်း ဖြစ်နေစဉ်၊ မိုးခြိမ်း လျှပ်စီးလျှပ်တဲ့ အချိန်တွေမှာ ဖုန်းနှင့် အခြားသောလျှပ်စစ်ပစ္စည်းတွေ အသုံးပြုနေစဉ်၊ မိုးရွာနေချိန်အတွင်း သစ်ပင်အောက် မိုးခိုမိစဉ်၊ ချောင်းထဲမှာ ငါးဖမ်းနေစဉ် စတဲ့ဖြစ်ရပ်တွေကြောင့် အများဆုံး မိုးကြိုးပစ်ခံခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုး ဦီးစီးဌာန မှ ညွှန်ကြားရေးမှုး ဒေါ်ဖြူလဲ့လဲ့ထွန်းမှ ပြောပါတယ်။

“ဟိုအရင်တုန်းကလို အိမ်အပြင်ထွက်မှ လယ်ကွင်းထဲမှာ ရှိနေမှ မိုးကြိုးပစ်တာမဟုတ်တော့ဘူး။ လမ်းတွေပေါ်မှာသွားနေတဲ့အချိန်၊ မိုးရွာလို့သစ်ပင်အောက်မှာ ဝင်ခိုတာတွေ၊ အိမ်ထဲမှာနေပြီး ဖုန်းနဲ့အင်တာနက်သုံးတာတွေ၊ ဖုန်းပြောတာတွေ ဒါတွေကြောင့်လည်း မိုးကြိုးပစ်ခံရတဲ့ ဖြစ်စဉ်တွေဟာ တကယ်ရှိတယ်။ ဒါကြောင့် အိမ်ထဲမှာနေရင်းနဲ့လည်း သတိထားသင့်တယ်။” လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုး ဦီးစီးဌာန မှ ညွှန်ကြားရေးမှုး ဒေါ်ဖြူလဲ့လဲ့ထွန်းမှ Duwun ကို ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိုးကြိုးပစ်မှုတွေ ဖြစ်နေချိန်မှာ လျှပ်စစ်အလွယ်တကူစီးနိုင်တဲ့ သံ၊ သတ္တု ပစ္စည်းတွေကို ထိကိုင်တာမျိုး၊ သစ်ပင်၊ ဓါတ်တိုင်၊ သွပ်ဆူးကြိုးကာထားတဲ့ ခြံစည်းရိုးနဲ့ သံ၊ သတ္တုပစ္စည်းတွေနားမှာ မနေဖို့၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်နားမှာ မနေဖို့၊ ကွင်းပြင်မှာရောက်ရှိနေပါက မိုးထစ်ခြုံးသံ ကြားရင် ရပ်မနေပဲ နီးစပ်ရာ နိမ့်တဲ့နေရာတွေမှာ ဝပ်နေဖို့၊ ဆံပင်များထောင်လာတယ်လို့ ခံစားရရင်မိုးကြိုးပစ်တော့မယ့် လက္ခဏာ ဖြစ်တာကြောင့် အဲ့ဒီလိုဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်သို့ ယှက်တင်ပြီး ခန္ဓာကိုယ်ကို ကွေးညွတ်ထားဖို့ ၊ ရေဒီံယို နားထောင်တာ၊ ဖုန်းနဲ့အင်တာနက်သုံးတာ၊ ဖုန်းပြောတာ၊ တီဗီကြည့်တာ စတဲ့ လျှပ်စစ်ပစ္စည်းနဲ့ဆိုင်တဲ့ အသုံးပြုမှုတွေ လုံးဝမလုပ်ဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန က သတိပေးညွှန်ကြားထားပါတယ်။

Share

Loading Next Article...
က္က