ရန်ကုန်မှာ အများဆုံးဖြစ်ပွားနေပါတယ်။

သေဆုံးသူတွေ ၄၉ ရာခိုင်နှုန်းဟာ နာတာရှည်ရောဂါ ရှိနေကြသူတွေဖြစ်ပြီး ရောဂါလက္ခဏာတွေဖြစ်ပွားနေပေမယ့် ဆေးရုံကိုရောက်ချိန် နောက်ကျသူတွေလို့ ဆိုပါတယ်။

Photo - FFSS

မြန်မာနိုင်ငံမှာ H1N1 ဖြစ်ပွားနေသူ ၂၈၁ ဦးရှိနေပြီး သေဆုံးသူ ၅၉ ရှိအထိရှိလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ ၄၆ ယောက်အထိ အများဆုံးဖြစ်သလို ကူးစက်တယ်လို့ အတည်ပြုထားသူဟာလည်း ၁၅၆ ယောက်အထိရှိနေတာဖြစ်ပါတယ်။ ဒုတိယအများဆုံးဖြစ်ပွားနေတာကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၄ ယောက်နဲ့ ကူးစက်ခံရသူ ၂၃ ဦးရှိပါတယ်။

Photo - FFSS

သေဆုံးသူ ၅၉ ဦးအနက် ၄၉ ရာခိုင်နှုန်းဟာ နာတာရှည်ရောဂါရှိနေကြသူတွေဖြစ်ပြီးရောဂါလက္ခဏာတွေဖြစ်ပွားနေပေမယ့် ဆေးရုံကို ရောက်ရှိဖို့ နောက်ကျသူတွေဖြစ်ကြတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖြစ်ပွားနေမှုကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး အသိပညာပေးမှုတွေနဲ့ ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကိုပြုလုပ်နေတယ်လို့ သိရပါတယ်။ H1N1ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။

Photo - FFSS

ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။ လူလူချင်းသာ ကူးစက်ပါတယ်။ ရောဂါလက္ခဏာတွေက အများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးက ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာ ကူးစက်ရောက်ရှိနိုင်ပါတယ်။

Share

Loading Next Article...
က္က