• တရုတ် ဂက်စ်စက်ရုံပေါက်ကွဲမှု ၁၀ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာပြင်းထန်

ဂက်စ်စက်ရုံရဲ့ ၁.၉ မိုင်ပတ်လည်ရှိ အဆောက်အအုံ ပြတင်းပေါက်မှန်များ ကွဲသွားခဲ့ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဂက်စ်စက်ရုံတစ်ရုံမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။

image

(Photo: AFP/STR)

ဂက်စ်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခြား လူ ၅ ဦး ပျောက်ဆုံးနေကြောင်း CCTV သတင်းဌာနက ဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဂက်စ်စက်ရုံရဲ့ ၁.၉ မိုင်ပတ်လည်ရှိ အဆောက်အအုံတွေမှာ ပြတင်းပေါက်မှန်များ ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၉ ရက် ဒေသစံတော်ချိန် ညနေ ၅း၅၀ မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနဲ့ လူအများအပြား ဒဏ်ရာရခဲ့ကြောင်း တရုတ်အစိုးရ သတင်းဌာန Xinhua က အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။



Henan Coal Gas Group စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနဲ့ ဂက်စ်သိုလှောင်ကန်များရှိတဲ့ နေရာမှာ မဟုတ်ကြောင်း Yima မြို့အုပ်ချုပ်ရေးဌာနမှ သတင်းရင်းမြစ်ကို ကိုးကားပြီး Xinhua က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် အဆိုပါ ဂက်စ်စက်ရုံမှာ ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းထားကြောင်း သိရပါတယ်။

(Photo: Screengrab from Weibo)

"ပေါက်ကွဲမှုကြောင့် ၁.၉ မိုင်ပတ်လည်အတွင်းမှာရှိတဲ့ အဆောက်အအုံ ပြတင်းပေါက်မှန်နဲ့ အဝင်အထွက် တံခါးမှန်တွေ ကွဲကြေပျက်စီးခဲ့ပြီး အတွင်းပိုင်းရှိ တံခါးမှန်အချို့လည်း ကွဲသွားခဲ့ပါတယ်" လို့ CCTV က ၎င်းရဲ့ တရုတ်ဆိုရှယ်မီဒီယာ Weibo အကောင့်မှာ ပြောထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့ ဂက်စ်စက်ရုံကနေ ကြီးမားတဲ့ မီးခိုးထုကြီး ထွက်ပေါ်နေမှု လမ်းမပေါ်မှာ အပျက်အစီးများ ပြန့်ကျဲနေမှုကို ဒေသခံ မီဒီယာတွေက ဗီဒီယိုထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ စည်းမျဉ်းစည်းကမ်းပိုင်ဆိုင်ရာ အရေးယူဆောင်ရွက်မှု အားနည်းချက်တွေကြောင့် တရုတ်နိုင်ငံမှာ လူသေဆုံးမှုရှိတဲ့ စက်မှုလုပ်ငန်း မတော်တဆမှုတွေ ဖြစ်လေ့ရှိပါတယ်။

(Photo: @HMN_33/Twitter)

ယခုနှစ် မတ်လအတွင်း တရုတ်အရှေ့ပိုင်း Jiangsu ပြည်နယ်ရှိ ဓာတုဗေဒစက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၇၈ ဦး သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားြ့ိုင်ပွဲတွေ လက်ခံကျင်းသွားမယ့် တရုတ်မြောက်ပိုင်း Zhangjiakou မြို့ရှိ စက်ရုံတစ်ရုံမှာ ဂက်စ်ယိုစိမ့်ရာမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၂၄ ဦး သေဆုံးကာ အခြား ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ တရုတ်မှာ အဆိုးဆုံး စက်မှုလုပ်ငန်း မတော်တဆမှုအဖြစ် နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ Tianjin မြို့မှာ ကြီးမားတဲ့ ဓာတုဗေဒကုန်လှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၆၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က