နောက်တစ်ကြိမ် ဈေးပြန်ချပေးနေတာပါ

တရုတ်မှာတော့ ၃ လအတွင်း ဒုတိယအကြိမ်မြောက် ဒစ်စကောင့်ပေးပြီး iPhone တွေ ရောင်းနေပါပြီ။

         ရောင်းအားနှေးကွေးမှုရဲ့ ဒဏ်ချက်ကနေ အဖတ်ဆည်ဖို့တရုတ်က iPhone လက်လီအွန်လိုင်းစတိုးတွေဟာ iPhone တွေကို မူရင်းဈေးထက် ဒေါ်လာ ၁၅၀ နီးပါး ချရောင်းနေတာပါ။ ဒီတစ်ပတ်ထဲမှာ Suning.Com ကုမ္ပဏီကနေ iPhone XS တစ်လုံးကို တရားဝင်ရောင်းဈေးထဲကနေ ယွမ် ၁၀၀၀ (၁၄၈.၉၅ ဒေါ်လာ) ထိ ဈေးလျှော့ပေးနေတယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။



Photo: 9to5Mac

         Suning ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအကုန်ပိုင်းကလည်း iPhone တွေကို ဈေးလျှော့ရောင်းလာတာပါ။ Suning အွန်လိုင်းစတိုးအပြင် တစ်ခြားအွန်လိုင်းလက်လီစတိုးတွေကလည်း iPhone ဈေးကို အပြိုင်လျှော့ချနေကြပါတယ်။ ဈေးနည်းတဲ့ ပစ္စည်းတွေ ရောင်းတဲ့ eCommerce site တစ်ခုအနေနဲ့လူသိများတဲ့ Pinduoduo Inc ကလည်း 64GB မော်ဒယ် iPhone XS ကို ယွမ် ၁၀၀၀ လျှော့ပြီး ၆၉၉၉ ယွမ်ဈေးနဲ့ရောင်းချနေပါတယ်။

         JD.com မှာတော့ iPhone XS နဲ့XS Max တွေကို ယွမ် ၁၇၀၀ အထိတောင် ဈေးချနေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်မှာ iPhone တွေ ဈေးချတုန်းက iPhone XS ကို ချန်ပြီး iPhone XR နဲ့XS Max တွေအပါအဝင် တစ်ခြား iPhone တွေကိုပဲ ဈေးချခဲ့တာပါ။ အထူးသဖြင့် ဇန်နဝါရီလထဲမှာ iPhone XR ကို ဈေးအများဆုံး လျှော့ပေးခဲ့ပြီးနောက် တရုတ်အွန်လိုင်းစတိုးမှာ ရောင်းအား မြင့်တက်ခဲ့ပါတယ်။

Photo: Mashable

၂၀၁၈ ခုနှစ်အတွင်း Apple ရဲ့ iPhone ရောင်းအားထိုးကျမှု ကြုံပြီးနောက် iPhone သစ်တွေဆီက ဝင်ငွေဟာ ၂၀၁၇ ခုနှစ်ကက် ဒေါ်လာ သန်း ၇၀၀ နီးပါး ကျဆင်းခဲ့ပါတယ်။ ဒေါ်လာဈေးမာမှုကြောင့် iPhone အဝယ်လိုက်မှု တန့်နေခဲ့ပြီးနောက် Apple ဟာ တရုတ်ဈေးကွက်မှာ ယွမ်ငွေကြေးနဲ့ကိုက်ညီမယ့် ဈေးနှုန်းလျှော့ချမှုများ လုပ်ဆောင်ခဲ့ပါတယ်။ Apple ဟာ တရုတ်ဈေးကွက်မှာ နှစ်အလိုက်ရောင်းအား ၂၀% ကျဆင်းနေပြီး ပြိုင်ဘက်တရုတ်စမတ်ဖုန်းကုမ္ပဏီများရဲ့ နောက်မှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က