• တရုတ်ဘက်မှ chip ဝယ်လိုအား မလိုက်မှုကြောင့် Samsung အမြတ်ကျဆင်း

တရုတ်စမတ်ဖုန်းဈေးကွက်မှာတော့ ဈေးကွက်ဝေစု ၁% အောက်မှာပဲ ရှိပါတယ်

၂၀၁၇ ခုနှစ်က စံချိန်တင် ဝင်ငွေရရှိခဲ့တဲ့ Samsung Electronics ဟာ အခုချိန်မှာ ပထမဆုံးအကြိမ် ဝင်ငွေကျဆင်းမှုနဲ့ကြုံနေပြီလို့ဆိုပါတယ်။

image

     Samsung ရဲ့ အဓိက အမာခံဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံဘက်မှ ဝယ်လိုအား ကျလာခြင်းကြောင့် သုံးလပတ်ဘဏ္ဍာရေး အညွှန်းကိန်းမှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် အကျဘက်ကို ပြလာတာ ဖြစ်တယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းနဲ့semiconductors ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Samsung Electronics ရဲ့ လေးပတ်မြောက်ဘဏ္ဍာရေး ရလဒ်တွေကို ဇန်နဝါရီ ၈ ရက်နေ့မှာ ကြေငြာသွားမျာပါ။

         စတုတ္ထသုံးလပတ်အတွင်း Samsung ဟာ လုပ်ငန်းအမြတ်ငွေ ဝမ် ၁၃.၃ ထရီလီယံ (ဒေါ်လာ ၁၁.၈၅ ဘီလျံ) အထိ ကျဆင်းဖို့ရှိတယ်လို့Refinitiv ဘဏ္ဍာရေးအဖွဲ့အစည်းမှ ခန့်မှန်းထားပါတယ်။ ဒါဟာ နှစ်အလိုက် လုပ်ငန်းလည်ပတ်အမြတ်ငွေ ၁၂ % ကျဆင်းလာတာလည်း ဖြစ်မှာပါ။

         HI Investment & Securities ကတော့ Samsung ဝင်ငွေကျဆင်းမှုဟာ တရုတ်ဈေးကွက်ကြောင့်လို့သုံးသပ်ထားပါတယ်။

         "ဝယ်လိုအားနည်းလာတဲ့ တရုတ်ကြောင့် Samsung ချပ်စ် ရောင်းအားကျဆင်းလာပါလိမ့်မယ်။ တရုတ်စမတ်ဖုန်းဈေးကွက်တစ်ခုလုံးကလည်း ငြိမ်ပြီး အကျဘက်ကို ဦးတည်နေပါတယ်။ ဒါကြောင့် Apple တင် အထိနာတာမဟုတ်ဘဲ Samsung ပေါ်လည်း သက်ရောက်မှု ရှိလာမှာပါ" လို့HI Investment & Securities မှ အကြီးတန်း သုတေသီ ဆောင်မြောင်ဆပ်က ဆိုပါတယ်။

         Samsung ရဲ့ ပြိုင်ဘက်ကုမ္ပဏီ Apple မှလည်း iPhone ရောင်းအားကျဆင်းမှုမှာ တရုတ်ဈေးကွက်ကြောင့်လို့ဝေဖန်ထားပါတယ်။ တရုတ်ဈေးကွက်မှာ iPhone အရောင်းကျလာခြင်းဟာ Apple အတွက် ဒေါ်လာ ၉ ဘီလျံအထိ ထိခိုက်နစ်နာဖို့ရှိတယ်လို့Apple ရဲ့ CEO တင်မ်ကွတ်က ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံသူတွေကို ပြောထားပါတယ်။

         တရုတ်စမတ်ဖုန်းဈေးကွက်မှာ Samsung ဟာ ဈေးကွက်ဝေစု ၁ % အောက်မှာ ရှိပြီး Apple ကတော့ ၉% ရထားတာ ဖြစ်ပါတယ်။ memory နဲ့processor chip တွေမှာတော့ Samsung ဟာ ဈေးကွက်ရဲ့ ၃၈%အထိ ရထားတယ်လို့ဆိုပါတယ်။ စမတ်ဖုန်းဈေးကွက်အပျက်မှာ Samsung ရဲ့ chip စီးပွားရေးတစ်ခုလုံး ပျမ်းမျှ လုပ်ငန်းအမြတ်ငွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃.၇% အထိ ကျလာဖို့ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က