၂၀၂၀ ပထမသုံးလပတ်အတွင်း Huawei ဟာ ကမ္ဘာ့စမတ်ဖုန်းလောကမှာပါ 5G ဖုန်းတင်ပို့မှု အများဆုံးကုမ္ပဏီအဖြစ် ရပ်တည်ခဲ့ပါတယ်။
5G စမတ်ဖုန်းတွေရဲ့ နှစ်လို့ ဆိုရမယ့် ဒီနှစ်ထဲမှာ 5G ဖုန်းတွေ ဈေးသက်သာလာခဲ့ပြီး အခုဆို ယွမ် ၂၀၀၀ ဝန်းကျင် (မြန်မာငွေ ၄ သိန်းခန့်)တန် 5G ဖုန်းတွေပါ မြင်ခဲ့ရပါတယ်။ Huawei ကတော့ တရုတ်ပြည်တွင်းအပြင် ကမ္ဘာ့စမတ်ဖုန်းလောကမှာပါ 5G ဖုန်းတင်ပို့မှုကို ကြီးစိုးထားနိုင်တယ် ထုတ်ပြန်ပါတယ်။

Huawei Cloud Internet 5G Innovation Summit အတွင်း Huawei ဟာ ၂၀၂၀ ပထမသုံးလပတ် စမတ်ဖုန်းတင်ပို့မှုအခြေအနေကို ကြေညာခဲ့ပါတယ်။ CNMO ရဲ့ အစီရင်ခံစာအရ Huawei ဟာ ၂၀၂၀ ပထမသုံးလပတ်အတွင်း တရုတ်ပြည်တွင်း 5G စမတ်ဖုန်းတင်ပို့မှုရဲ့ ၆၃% ရှိခဲ့ပြီး ကမ္ဘာ့ 5G ဖုန်းဈေးကွက်တစ်ခုလုံးရဲ့ ၄၀% ကျော်ကို ကြီးစိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီမှ မတ်လအတွင်း Huawei ဟာ 5G ဖုန်းအလုံးရေ ၁၅ သန်း တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 5G ဟာ နိုင်ငံတစ်ချို့မှာပဲ သုံးနိုင်သေးတဲ့ မျိုးဆက်သစ် ကွန်ရက်နည်းပညာဖြစ်ပြီး လောလောဆယ် တရုတ် ၊ အမေရိကန် ၊ တောင်ကိုရီးယားနဲ့ ယူကေတို့လောက်ပဲ 5G ကို တွင်တွင်ကျယ်ကျယ် သုံးနိုင်တာ ဖြစ်ပါတယ်။
5G ကွန်ရက်ဖြန့်ကြက်မှုကို နိုင်ငံသစ်တွေမှာ ထပ်ပြီး တိုးချဲ့လာတာ နဲ့အမျှ 5G စမတ်ဖုန်းတွေ ဈေးကျလာပြီး 5G ဖုန်းဝယ်ယူမှုလည်း မြင့်တက်လာဖို့ ရှိပါတယ်။