မြို့တွင်းကို ရှန်တိန်ကားမောင်းသူနဲ့ဆက်လက်ဝင်ရောက်ခွင့်ပြုထားတာပါ။

ရန်ကုန်က မောင်းလာသူက အ.ထ.က(၂)ကျောင်းထိသာ မောင်းလာခွင့်ရှိပြီး မြို့တွင်းကို ကားဝင်ဖို့အတွက် ယာဉ်မောင်းတစ်ဦး လွှဲပြောင်းပြီး မောင်းနှင်ပါတယ်။



ရခိုင်ပြည်နယ် သံတွဲမြို့မှာရှိတဲ့ ကုန်ကားမောင်းသမားတွေကိုတော့ မြို့ထဲကိုပေးမဝင်ဘဲ အသွားအလာကန့်သတ် ထားတဲ့စနစ်နဲ့ ဆောင်ရွက်ထားရှိနေတယ်လို့ သံတွဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က Duwunကို ပြောပါတယ်။



ကိုဗစ်ကာလမှာ သံတွဲနဲ့ရန်ကုန် ကုန်စည် စီးဆင်းမှု မပြတ်အောင် သံတွဲမြို့ကနေ ကုန်ကားတွေ သယ်ယူပို့ ဆောင်လျက်ရှိတာပါ။

“ကုန်စည်ရှားပါးသွားရင် ကုန်စျေးနှုန်းတက်မှာစိုးတဲ့အတွက် သံတွဲ-ရန်ကုန်ဆွဲနေတဲ့ကားတွေရှိပါတယ်။ခရီးသည် သွားလာမှုလည်းရှိအောင် ခရီးသည်ယာဥ်အချို့လည်း ပြေးတာရှိတယ်။ဆီဘောက်ဆာကားတွေလည်း ပြေးဆွဲတာ ရှိတယ်။ကုန်ကားတွေလည်းရှိတယ်။ဒီကားတွေကို မောင်းတဲ့သူတွေကိုတော့ ကျွန်တော်တို့က အ.ထ.က(၂)သံတွဲ မှာ သီးသန့်နေစေပါတယ်။ပြီးရင် ကျွန်တော်တို့က ရှန်တိန် ဒရိုင်ဘာနဲ့ စနစ်တကျ မောင်းပြီး မြို့တွင်းကို ဝင်စေပါတယ်။”လို့ ဦးဝင်းနိုင်က ပြောပါတယ်။

အဆိုပါ ကားမောင်းသူတွေအနေနဲ့ သီးသန့်ထားတဲ့ အ.ထ.က(၂)ကျောင်းဝင်းထဲကို ကားတွေ ‌မောင်းဝင်ရပြီး အဲ့ဒီ ကမှတဆင့် သံတွဲမြို့ထဲကို နောက်ထပ် ကားမောင်းသူတစ်ဦးက လွှဲပြောင်းပြောင်းဝင်တဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်နေ တယ်လို့သိရတာပါ။

ကားကို မလွှဲပြောင်းခင် ပိုးသတ်မှုတွေ လုပ်ဆောင်ပြီးမှ မောင်းစေတာဖြစ်ပြီး မြို့ထဲကို မောင်းသူကလည်း အ.ထ.က(၂)ကျောင်းထဲကို ပြန်မောင်းလာပြီးမှ မူလ ကားမောင်းသူက ရန်ကုန်ကို ပြန်လည် မောင်းနှင်စေတာ ဖြစ်ပါတယ်။ သံတွဲမြို့မှာ ကွာရန်တင်းဝင်နေသူ ၅၀ ခန့်ရှိပြီး ပိုးတွေ့သူကတော့ နိုင်ငံတော် အစီအစဥ်နဲ့ မလေးရှားက ပြန်လာသူတစ်ဦးသာရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က