Twitter ဘက်က အခုလို လောနေတာဟာ Spam Account ကိစ္စကို ဖုံးကွယ်ချင်တာကြောင့်လို့ မတ်စ်ရဲ့ ရှေ့နေတွေက‌ ပြောနေကြပါတယ်။

အရောင်းအဝယ်သဘောတူဖောက်ဖျက်မှုနဲ့ အီလွန်မတ်စ်ကို တရားစွဲထားတဲ့ Twitter ဘက်က အမှုကို မြန်မြန် စီရင်ချက်ချစေချင်ပြီး အီလွန်မတ်စ်ကတော့ နောက်နှစ်ဖေဖော်ဝါရီထက် စောပြီး အမှုအကြောင်း ကြားနာမှုမလုပ်ဖို့ လိုလားနေကြပါတယ်။ 

အီလွန်မတ်စ်ဘက်က ရှေ့နေလိုက်ပေးမယ့် ဥပဒေအကျိုးဆောင်အဖွဲ့ဟာ Twitter ရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိ မြန်ဆန်တဲ့ တရားစီရင်ရေးလုပ်ဖို့ တောင်းဆိုနေကြောင်း ပြောထားပါတယ်။ မတ်စ်ရဲ့ ရှေ့နေတွေဟာ အမှုကို လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မတိုင်ခင်အထိ ကြားနာမှုမလုပ်ဖို့လည်း ပြောနေကြပါတယ်။ Twitter ဟာ အမှုကို စက်တင်ဘာလလယ်လောက်မှာ ကြားနာဖို့ တွန်းအားပေးနေပါတယ်။





အီလွန်မတ်စ်နဲ့ Twitter တို့ရဲ့ လုပ်ငန်းအရောင်းအဝယ်ကိစ္စသဘောတူညီမှုကို အောက်တိုဘာ ၂၄ ရက် သတ်မှတ်ထားလို့ Twitter ဘက်က အခုလို လောနေတာပါ။ ဒီလာဝဲလ်ဥပဒေရုံးမှာ စွဲဆိုထားတဲ့ ဒီအမှုကို အခုလို အမြန်စစ်ဆေးဖို့ Twitter ဘက်က တောင်းဆိုနေတာဟာ Spam အကောင့်ကိစ္စနဲ့ ပတ်သက်တဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ လုပ်နေတဲ့ နည်းဗျူဟာပဲလို့ အီလွန်မတ်စ်ရဲ့ ရှေ့နေတွေက ပြောပါတယ်။ 

"အမှုရဲ့ အဓိကအူကြောင်းဖြစ်တဲ့ အကောင့်တုတွေ spam အကောင့်တွေ ကိစ္စက Twitter တန်ဖိုးရဲ့ အဓိက အခြေခံပါပဲ။ ဒီကိစ္စက အလွန်ပဲ အချက်အလက်နဲ့ ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက် ရှိသလို အချိန်လည်း အတော်လေး ယူရမှာပါ။ အချိန်ယူရတာက အဖြစ်မှန်ကို ရှာဖွေဖို့ ဖြစ်ပါတယ်။" လို့ မတ်စ်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။ 


နှစ်ဦးနှစ်ဖက် တရားစီရင်မှု ကြားနာဖို့ အချိန်တောင်းဆိုတာ မတူပေမယ့် ဒီလာဝဲလ်တရားရုံးရဲ့ တရားသူကြီး ကတ်တလင်း မက်စ်ကော်မစ်ခ်က ဇူလိုင် ၁၉ ရက်နေ့မှာ မိနစ် ၉၀ ကြာ ကြားနာမှုလုပ်ဖို့ စီစဉ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကြားနာမှုမှာ မက်စ်ကောမစ်ခ်ဘက်က နှစ်ဖက်အငြင်းအခုံကိစ္စကို စက်တင်ဘာမှာ ကြားနာမလားဆိုတာ သိရမှာပါ။ 

Tesla ကားကုမ္ပဏီသူဌေး အီလွန်မတ်စ်ဟာ Twitter ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်မယ့်ကိစ္စကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာပြီးနောက်မှာ Twitter ဘက်က နာမည်ကျော် ရှေ့နေအဖွဲ့ငှားပြီး အီလွန်မတ်စ်ကို တရားစွဲထားတာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က