တရုတ်နိုင်ငံအတွင်းမှာ NFTs နဲ့ ပတ်သက်ပြီး နည်းဥပဒေတွေ မရှိသေးပါဘူ

တရုတ်နိုင်ငံရဲ့ အကြီးဆုံးစာပို့ Apps တစ်ခုဖြစ်တဲ့ WeChat ဟာ ဒါဇင်နဲ့ချီတဲ့ NFT အကောင့်တွေကို ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

Tencent Holdings ပိုင် WeChat ဟာ Cryptocurrency နဲ့ ဆိုင်တဲ့ တရုတ်နိုင်ငံရဲ့ဥပဒနဲ့အညီ NFT အကောင့်တချို့ကို ပိတ်လိုက်တာလို့ CNBC သတင်းက ဖော်ပြပါတယ်။ NFT (Non-Fungible Tokens) တွေဟာ ဒေါ်လာသန်းနဲ့ချီ အရောင်းအဝဘ်ဖြစ်နေတဲ့ ဒီဂျစ်တယ်အနုပညာတစ်မျိုး ဖြစ်ပြီး Ethereum လို Blockchain ပလက်ဖောင်းတွေပေါ်မှာ အခြေခံပါတယ်။ NFT ဝယ်ရောင်းလုပ်တာကိုလည်း Cryptocurrency တွေနဲ့ပဲ လုပ်လေ့ရှိပါတယ်။ 





ဒီဂျစ်တယ်ငွေကြေးကုန်သွယ်မှုပေါ် တင်းကြပ်ထားတဲ့ တရုတ်နိုင်ငံမှာ NFTs တွေကို Cryptocurrency တွေနဲ့ ဝယ်မရဘဲ တရုတ်ယွမ်နဲ့ပဲ ဝယ်ရတာလို့လည်း ဆိုပါတယ်။ NFT Tokens တွေကိုလည်း Ethereum လိုမျိုး Blockchain ပေါ်မှာ တည်ဆောက်တာ မဟုတ်ဘဲ တရုတ်အာဏာပိုင်တွေ ကြီးကြပ်ထားတဲ့ တခြား Blockchain တွေပေါ်ကနေ ဖန်တီးတာလို့ CNBC သတင်းက ပြောပါတယ်။ 

လက်ရှိအချိန်အထိ တရုတ်နိုင်ငံအတွင်းမှာ NFTs နဲ့ ပတ်သက်ပြီး နည်းဥပဒေတွေ မရှိသေးပါဘူး။ NFTs ဝယ်စုချင်သူတွေဟာ Marketplace တစ်ခုပေါ်က ဝယ်ရတာ ဖြစ်ပြီး တစ်ဆင့်ပြန်ရောင်းတာမျိုးကိုလည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ NFTs တွေဟာ စွန့်စားမှုများပြီး လောင်းကစားလိုမျိုး အဆုံးအရှုံးများတာကြောင့် နည်းပညာကုမ္ပဏီတွေအနေနဲ့ သတိကြီးကြီးနဲ့ ချဉ်းကပ်ကိုင်တွယ်နေကြတာ ဖြစ်ပါတယ်။ 

သုံးစွဲသူ သန်း ၁၂၀၀ ကျော် ရှိထားတဲ့ တရုတ်ရဲ့ အကြီးဆုံးလူမှုကွန်ရက် WeChat ကတော့ NFTs အကြောင်း content တွေ တင်နေတဲ့ Public အကောင့်အနည်းဆုံး တစ်ဒါဇင်ကျော်ကို နှစ်ပတ်အတွင်း ပိတ်ထားတာပါ။ WeChat ရဲ့ မိခင်ကုမ္ပဏီ Tencent ကတော့ အကောင့်တွေ ပိတ်ခံရကြောင်းကို အတည်ပြုပြောကြားခြင်း မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က