ပြည်ဝင်ခွင့်မပြုဘဲ ပြန်လွှတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက နေသတင်းထုတ်ပြန်ပါတယ်

ဘုရားဦးခေါင်းပုံစံနဲ့တူတဲ့ ဆေးမှင်ကြောင်ကို ခြေသလုံးမှာတက်တူးထိုးထားလို့ ဂျာမနီနိုင်ငံသားတစ်ဦးကို ရန်ကုန်လေဆိပ်ကနေ ပြန်လွှတ်ခဲ့ပါတယ်။

Photo - Myanmar Online News (၂၀၁၆ ခုနစ်အတွင်းက ခြေသလုံးမှာဘုရားပုံတက်တူးတွေ့တာကြောင့် ပြန်လွှတ်ခံခဲ့ရသည့် စပိန်နိုင်ငံသား၏တက်တူး)



မတ်လ ၇ ရက်နေ့မှာ ရန်ကုန်လေဆိပ်၊ ပြည်ပဆိုက်ရောက်ဌာနကနေ စကာၤပူနိုင်ငံ jetstar လေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ဂျာမနီနိုင်ငံသား Mr.Volker Marcus အသက် (၄၄)နှစ်ရဲ့ ခြေသလုံးမှာ ဘုရားဦးခေါင်းပုံနဲ့ တူတဲ့ ဆေးမင်ကြောင်ကို တွေ့ရလို့ လဝကဦးစီးအရာရှိ ဦးစိုးဝင်းမောင်က ပြည်ဝင်ခွင့်မပြုဘဲ ပြန်လွှတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက နေသတင်းထုတ်ပြန်ပါတယ်။

အဆိုပါဂျာမနီနိုင်ငံသားကို သူလိုက်ပါလာတဲ့ jetstar လေကြောင်းလိုင်းကနေ စကာၤပူနိုင်ငံ၊ ချန်ဂီလေဆိပ်ကို ပြန်လည်တင်ပို့ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

၂၀၁၆ ခုနှစ်ကလည်း စပိန်နိုင်ငံသားတစ်ဦးဟာ ပုဂံမှာ လည်ပတ်နေစဉ်အတွင်းမှာ ခြေသလုံးမှာ ဘုရားပုံကို တက်တူးထိုးထားတာကို တေ့ွခဲ့ရတာကြောင့် ပြန်လည်စေလွှတ်ခံခဲ့ရပါသေးတယ်။ အဆိုပါဖြစ်စဉ်မှာလည်း သူလည်ပတ်နေစဉ်မှာ သူ့ရဲ့ခြေသလုံးပေါ်က ဘုရားပုံတက်တူးကို ဘုန်းကြီးတစ်ပါးက တွေ့ခဲ့တာကြောင့် သူ့ကို ရန်ကုန်ကနေတစ်ဆင့် သူရဲ့ နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်တုန်းကလည်း နယူးဇီလန်နိုင်ငံသားဖွင့်ထားတဲ့ ဘားတစ်ခုမှာ ဘုရားပုံကို အသုံးပြုပြီးတော့ ကြေညာခဲ့တာကြောင့် ဘာသာရေးစော်ကားမှုနဲ့ ထောင်ဒဏ် ၁၀ လချမှတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။ ဗုဒ္ဒဘာသာကိုးကွယ်မှုများတဲ့ သီရိလကာၤနိုင်ငံမှာလည်း ၂၀၁၄ ခုုနှစ်တုန်းက လက်မောင်းပေါ်မှာ ဘုရားပုံတက်တူးတွေ့ခဲ့တာကြောင့် နိုင်ငံအတွင်းက နေစွန့်ခွာခိုင်းဖို့ ဆုံးဖြတ်တဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က