• ဘုရားထီးတင်ဖို့ ဆောင်ရွက်နေပြီဖြစ်တဲ့ ဖြိုးမြတ်အောင်

ပျက်စီးနေတဲ့ နေရာတွေကို အရင်ပြင်နေပါတယ်။

ဖြိုးမြတ်အောင်ဟာ သူရရှိခဲ့တဲ့ ဆုငွေ ထဲကနေပြီး ဧရာဝတီတိုင်းဟင်္သာတမြို့နယ်မှာရှိတဲ့ ကိုးနဝင်းစေတီတော်ကြီးအတွက် ဘုရားထီးတင်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ဘုရားထီးတင်ဖို့ အတွက် စေတီတော်အတွင်းပိုင်းမှာရှိတဲ့ ပျက်စီးယိုယွင်းနေတဲ့ ဘုရားကျောင်းခန်းတွေကိုလည်း အရင်ဆုံး ပြင်ရမယ်လို့ သူကဆိုပါတယ်။

image

Photo: Phyo Myat Aung Fb

 

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ သူရရှိခဲ့တဲ့ ဆုငွေ ထဲကနေပြီး  ဧရာဝတီတိုင်းဟင်္သာတမြို့နယ်မှာရှိတဲ့ ကိုးနဝင်းစေတီတော်ကြီးအတွက် ဘုရားထီးတင်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် စေတီတော်အပေါ်ကို တက်ရဖို့အတွက် အောက်ခြေ နေရာတွေက ခိုင်ခန့်မှု မရှိသေးတာကြောင့် ပြင်ဆင်မှုတွေ လုပ်ရဦးမယ့် အကြောင်းပြောပြခဲ့ပါသေးတယ်။

'' ဘုရားထီးတင်ဖို့တွေကတော့ လုပ်လို့ပြီးပါပြီ။ လောလောဆယ် အတွင်းထဲမှာတော့ ပျက်စီးယိုယွင်းနေတာတွေရှိပါတယ်။ ထီးတော်မတင်ခင် ပျက်စီးယိုယွင်းနေတာတွေကို ပြင်ချင်ပါတယ်။ အဲ့ဒါကလည်း ကျွန်တော်တစ်ယောက်တည်း အားနဲ့ မရပါဘူး အားပေးကြတဲ့ မိသားစုတွေ ကလည်း ကူညီလို့ ရပါတယ်''

image

Photo: Phyo Myat Aung Fb

 

ဖြိုးမြတ်အောင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဦးအေးမောင်နဲ့အတူ ကျန်ရှိနေသေးတဲ့ မိခင် ဒေါ်သန်းသန်းမြင့်တို့ အတွက် ရည်စူးပြီး အခုလို အလှူအတန်းတွေ ပြုလုပ်ခဲ့တာဖြစ်တဲ့အကြောင်းကို သြဂုတ်လ ၂၄ ရက်နေ့ မနက်က ၉နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် Live ကနေ တဆင့်ပြောပြခဲ့ပါတယ်။ သူ့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာလို့နေပါတယ်။

'' စေတီတော်ကြီး အတွင်းမှာရှိတဲ့ ဘုရားကျောင်းဆောင်တွေတွဟာဆိုရင် ပျက်စီးနေတာတွေ များတာကြောင့် တစ်ခန်းစာ ၂၈ သိန်းကျပ်ကို လည်း လှူဒါန်းမယ်။ ပရိသတ်တွေ လှူဒါန်းချင်တယ်ဆိုရင်တော့ ၇ ခန်း ကျန်သေးတယ်ဆိုတာကို '' ဖြိုးမြတ်အောင်ရဲ့ Facebook Live ထဲက နေ တဆင့် မိခင်ဖြစ်သူ ဒေါ်သန်းသန်းမြင့်ကလည်း အခုလို ပြောပြခဲ့ပါတယ်။

ဖြိုးမြတ်အောင်ရဲ့ လက်ဆောင်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ ချမ်းမြေ့မောင်ချို 

Photo: Phyo Myat Aung Fb

 

ဖြိုးမြတ်အောင်က သူ့ရဲ့ ဖေ့စ်ဘွတ် Live ကနေတဆင့် စေတီတော်အတွင်းပိုင်းမှာရှိတဲ့ ပျက်စီးယိုယွင်းနေတဲ့ အနေအထားတွေကိုလည်း ပရိသတ်တွေ သိအောင် ပြသခဲ့ပါသေးတယ်။ စေတီတော်အတွင်းမှာ ပျက်စီးနေတဲ့ အခန်းပေါင်း ၈ ခန်း ရှိပြီး တစ်ခန်းစာအတွက် ၂၈ သိန်း ကျပ်ကိုတော့ ဖြိုးမြတ်အောင်က လှူဒါန်းခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၇ ခန်းကိုတော့ ဂေါပဂတွေထံ ဆက်သွယ်ပြီး လှူဒါန်းလို့ရတယ်လို့ သူက ပြောပါတယ်။

Photo: Phyo Myat Aung Fb

 

သြဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က