၀န်ထမ်းကို ဓါးနဲ့ထောက်ပြီး ပိုက်ဆံတွေယူခဲ့တာပါ။

ဘုရင့်နောင်က One stop mart မှာ ဆိုင်ဝန်ထမ်း ၂ ဦးကိုဓါးနဲ့ ချိန်ရွယ်ပြီးခြိမ်းခြောက်ဓါးပြတိုက်တဲ့ ဆိုင်ဝန်ထမ်းနှစ်ဦးကို မတ်လ ၂၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။



Photo - Yangon Police

ုရင့်နောင်က One stop mart မှာဆိုင်အတွင်းဝင်ပြီးတော့ ဆိုင်က ဝန်ထမ်းတွေကို ဓါးနဲ့ ထောက်ကာ လုယက်ခဲ့တဲ့ဖြစ်စဉ်က မတ်လ ၂၆ ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေက လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ အောင်ပိုင်မျိုး (အသက် ၂၃ နှစ်) နဲ့ လှိုင်သာယာမြို့နယ် အမှတ် ( ၁၁ )ရပ်ကွက်မှာနေထိုင်တဲ့ ဇာနည်အောင် (ခ) ချစ်ထူး ( အသက် ၂၄ နှစ်)တို့ ဖြစ်ပြးတော့ သက်သေခံပစ္စည်းတွေအဖြစ် အနက်ရောင်တိတ်ပတ်ပြီး ဓါးအိမ်ပါ အရိုးအသွား ၁၀ လက်မခန့်ရှိတဲ့ ဓါးမြှောင် (၁) ချောင်း၊လက်ကိုင်ဖုန်း (၁) လုံးနဲ့ ငွေသားတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က အဆိုပါ One stop mart( ဘုရင့်နောင်ဆိုင်ခွဲ) အတွင်းကို ဆိုင်ဝန်ထမ်း ၂ ဦးကို ဓါးနဲ့ ချိန်ရွယ်ခြိမ်းခြောက်ပြီးတော့ ငွေသား၊လက်ကိုင်ဖုန်းနဲ့ အခြားပစ္စည်းတွေကို ယူဆောင်ခဲ့တာဖြစ်ပါတယ်။


လုယက်နေမှု CCTV မြင်ကွင်းတွေကိုလည်း လူမှုကွန်ယက်မှာ ပျံ့နှံံ့ခဲ့တာဖြစ်ပြီးတော့ ဆိုင်ဝန်ထမ်း (၂) ဦးကို တံခါးပိတ်လှောင်ထားခဲ့တာဖြစ်ပါတယ်။


ဓါးပြမှုကျူးလွန်သူ အောင်ပိုင်မျိုး(ခ)အသေးလေးနဲ့ ဇာနည်အောင်(ခ)ချစ်ထူးတို့ကို ဘုရင့်နောင်နယ်မြေရဲစခန်းက ပုဒ်မ - ၃၈၆ ၊ ပုဒ်မ - ၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က