ပိုက်ဆံတွေနဲ့ ပစ္စည်းတွေပါ ပါတယ်။

ညောင်ရွှေမြို့နယ်ကို အလည်အပတ်ရောက်ရှိနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံသူဆီကနေ ကျောပိုးအိတ်တစ်လုံး လုယက်ခဲ့သူကို လုယက်သူ မြန်မာတစ်ယောက်ကို အရေးယူထားတယ်လို့ လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။

မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ဘယ်လ်ဂျီယံနိုင်ငံသား လင်မယားနှစ်ယောက်ဟာ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက် Zawgi Inn တည်းခိုခန်းကနေ ညောင်ဖြူကျေးရွာ ကော်ဖီခြံကို စက်ဘီးနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။

ညောင်ဖြူကျေးရွာ၊ ပတ္တမြားနဂါး သကြားစက်အတွင်း လည်ပတ်နေစဉ်မှာ မြန်မာအမျိုးသားတစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာခဲ့ပြီး စက်ဘီးရှေ့ခြင်းထဲမှ ကျောပိုးအိတ်ကို ဆွဲယူထွက်ပြေးသွားခဲ့ပါတယ်။ ထို့ကြောင့် ကာယကံရှင်ဖြစ်သူ Ms.Delussu Pricillia Lauise B က ရဲတပ်ဖွဲ့ကို သွားရောက်တိုင်ကြားခဲ့ရာ ပြစ်မှုကျူးလွန်သူကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက် ပြစ်မှုကျူးလွန်သူ ညောင်ရွှေမြို့၊ ကံသာရပ်ကွက်မှာ နေထိုင်တဲ့ မျိုးခန့်ဆိုသူကို မတ်လ ၂၀ ရက်နေ့ မနက် ၁ နာရီခွဲလောက်က အေးသာယာမြို့၊ "ဟိန်း" တည်းခိုခန်းမှာ ကျောပိုးအိတ်အတွင်း ၂၈ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းတွေ၊ ငွေတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မျိုးခန့်ဆိုသူကို ညောင်ရွှေမြို့မရဲစခန်း (ပ)၁၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ နဲ့ အရေးယူထားကြောင်း သတင်းရရှိပါတယ်။

Share

Loading Next Article...
က္က