မခိုင်ကြီးကိုလည်း သူက သွက်စေချင်တယ်လို့ဆိုပါတယ်။

ထွန်းအိန္ဒြာဗိုလ် က ခိုင်သင်းကြည်က သွက်သလောက် သူကိုယ်တိုင်က မသွက်တော့ ကာရိုက်တာအတွက် အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာတော့ စရိုက်ကြမ်းကြမ်း အမျိုးသမီး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။

Photo: စရိုက်



ထွန်းအိန္ဒြာဗိုလ်က ‘’စရိုက်’’ ရုပ်ရှင်ဇာတ်ကားထဲမှာ ခိုင်သင်းကြည်နဲ့ သားအမိ နေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် ခိုင်သင်းကြည်လိုတော့ သွက်သွက်လက်လက် မရှိနိုင်ခဲ့ဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ သူက အမြဲတမ်း ကျွန်မကိုလေ ဟို.. သူပြောတာလည်း မှန်ပါတယ် ကိုယ်ကလည်း မလိုက်နိုင်ဘူးလေ။ သူကတော့ အမြဲတမ်း သွက်သွက်လက်လက် ဖြစ်စေချင်တာ။ သူကတော့ သဘာဝ သွက်တာကိုး။ ကိုယ်ကတော့ ကိုယ့်ပုံစံက အဲဒီလောက်အထိ မသွက်တော့ ဒုက္ခတွေတော့ ရောက်ခဲ့တယ်။’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ‘’စရိုက်’’ရုပ်ရှင်အထူးပြပွဲမှာ ပြောပြခဲ့တာပါ။

Photo: စရိုက်

ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ထွန်းအိန္ဒြာဗိုဟာ ဘဲဥမ(ခိုင်သင်းကြည်) ရဲ့ အမေ နေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဘဝကို ပေါ့ပျက်ပျက် နဲ့ နေထိုင်တဲ့ မိန်းမ တစ်ယောက်၊ စရိုက်ကြမ်းကြမ်း မိန်းမ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါကြောင့် သူမွေးလာတဲ့ သမီးဖြစ်သူ ဘဲဥမကလည်း စရိုက် ကြမ်းကြမ်း မိန်းကလေး တစ်ယောက်ဖြစ်လာတယ်ဆိုတာကို တွေ့ရမှာပါ။

Photo: စရိုက်

စရိုက်ရုပ်ရှင်ဇာတ်ကားကြီးကို အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ခဲ့တာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ လူမင်း၊ ကျော်ထက်အောင်၊ ခိုင်သင်းကြည်နဲ့ ထွန်းအိန္ဒြာဗို တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မေလ ၃၀ ရက်နေ့ဆိုရင်တော့ ‘’စရိုက်’’ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာဖြစ်တာကြောင့် ပရိသတ်တွေ အားပေးလို့ရပြီဖြစ်ပါတယ်။

Photo: စရိုက်

သူမ ဟာ ဂီတဘက်မှာလည်း အောင်မြင်တဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုတွေနဲ့ ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က