ဒါရိုက်တာ ဏကြီးက ASEAN International Flim Festival 2019 ပွဲကြီးက ချီးမြှင့်တဲ့ Best Director Of Photography ဆုကို မီရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဆုကိုတော့ ပိုင်ဖြိုးသုကိုယ်တိုင်က ချီးမြှင့်ပေးခဲ့တာပါ။
Photo: ASEAN International Flim Festival
ဒါရိုက်တာ ဏကြီးကတော့ ASEAN International Flim Festival 2019 မှာ မီ ရုပ်ရှင်ဇာတ်ကားနဲ့ Best Director Of Photography ဆုကို ရရှိပိုင်ဆိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီပွဲကြီးကို မလေးရှားနိုင်ငံမှာရှိတဲ့ ကူချင်းမြို့မှာ ဧပြီလ ၂၇ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
‘’အာဆီယံနိုင်ငံတကာရုပ်ရှင်ဆုပေးပွဲတွင် 'မီ' ဇာတ်ကားဖြင့် အကောင်းဆုံး Director of Photography ဆုရရှိသွားသော ဒါရိုက်တာ ဏကြီး Congratulations Mi , ASEAN International Flim Festival !။ အန်တီရေ နွေဦး ထပ်တူပျော်ရွှင်မိပါတယ်။ မိန်းမရပီး ဆုတွေပါရနေတဲ့ ကိုဏကြီး ရေ ကွန်ကွန်ပါဗျာ။ မြန်မာ့ရုပ်ရှင် အရှေ့တောင်အာရှကို ရင်ဘောင်တန်းနိုင်ခဲ့ပြီ’’ ဆိုပြီးတော့ ကိုဇော်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ASEAN International Flim Festival
ဒါရိုက်တာ ဏကြီးဟာ ASEAN International Flim Festival 2019 က ချီးမြှင့်ခဲ့တဲ့ Best Director of Photography ဆုကို နိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဆန်ခါတင်စာရင်းဝင် ဇာတ်ကား ၅ ကားထဲကမှ မီ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ ဏကြီးက ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုတော့ ဇနီးချောလေးဖြစ်သူ ပိုင်ဖြိုးသု ကိုယ်တိုင်က ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကလည်း ASEAN International Flim Festival 2019 ပွဲမှာ အစီအစဉ်တင်ဆက်သူ တစ်ဦးအနေနဲ့ ပါဝင်ခဲ့တာပါ။
Photo: ASEAN International Flim Festival
ဒါရိုက်တာ ဏကြီးဟာ မီရုပ်ရှင်ဇာတ်ကားနဲ့ Star Awards ဆုပေးပွဲမှာ Best Cinematography award ဆုကို ရရှိခဲ့ဖူးပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံမှာသာမက စင်ကာပူနိုင်ငံအထိပါ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုတွေထဲက ‘’မီ’’ ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးခဲ့တာပါ။
Photo: မီ
ASEAN International Flim Festival 2019 ပွဲကြီးမှာ မြန်မာနိုင်ငံမှ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတွေဖြစ်တဲ့ ‘’ မီ’’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် အကောင်းဆုံး ထုတ်လုပ်သူ ဆု ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ဒါရိုက်တာ ဏကြီး၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ပိုင်ဖြိုးသု၊ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုအဖြစ် အလင်းရောင် တို့က ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။