ESPN သတင်းထောက်က အခိုင်အမာပြောဆိုခဲ့ပါတယ်။

ESPN သတင်းထောက် မာနူမာတင်ရဲ့ ပြောဆိုချက်အရ ရီးရဲလ်ဟာ ဒီနေ့မှာပဲ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာလိမ့်မယ်လို့ သိရပါတယ်။


အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူဖာနန်ဒက်စ်ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူနိုင်ဖို့အတွက် သေချာသလောက်ရှိနေတယ်လို့ ESPN ရဲ့ သတင်းထောက်တစ်ဦးက အခိုင်အမာရေးသားဖော်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ကို ပေါင် ၆၄သန်းအထိ ပေးချေပြီး ရီးရဲလ်မက်ဒရစ်က ခေါ်ယူမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

အသက် (၂၄) နှစ်ရွယ် စပို့တင်းအသင်းခေါင်းဆောင်ဟာ အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်တို့နဲ့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ ကစားသမားရဲ့ ထုတ်ဖော်ပြောဆိုချက်အရ တော့တင်ဟမ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပေမယ့် သူ့အတွက် စပို့တင်းဘက်ကလိုချင်တဲ့ ပြောင်းရွှေ့ကြေးကို စပါးက ပေးချေနိုင်မှုမရှိလို့ ပျက်ပြယ်ခဲ့ရတာလို့ သိရပါတယ်။



ရီးရဲလ်နည်းပြဇီဒန်းကလည်း အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ နာမည်ကျော်ကစားသမားတစ်ဦး (သို့) နှစ်ဦးအထိ ခေါ်ယူဖို့ ရှိတယ်လို့ ပရိသတ်တွေကို အရိပ်အမြွက်ပြောဆိုထားခဲ့ပါတယ်။ ESPN သတင်းထောက် မာနူမာတင်ရဲ့ ပြောဆိုချက်အရ ရီးရဲလ်ဟာ ဒီနေ့မှာပဲ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာလိမ့်မယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာကို ယူနိုက်တက်ကနေ ခေါ်ယူဖို့ မျှော်လင့်ခဲ့ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ဘာနေဗျူးကလပ်ဘက်က လက်လျှော့သွားခဲ့ပါတယ်။ စပါးကွင်းလယ်လူအဲရစ်ဆန်ကိုလည်း ခေါ်ယူဖို့ပစ်မှတ်ထားနေခဲ့ပြီး လက်ရှိအချိန်တော့ ကမ်းလှမ်းထားခြင်း မရှိပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရီးရဲလ်က မျှေ်ာလင့်နေဟန်ရှိပါတယ်။

Share

Loading Next Article...
က္က