ဒုတိယပိုင်းမှာ ၅ ဂိုးအထိ ပေးခဲ့ရတာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ပိုချက်တီနိုဟာ ယမန်နေ့ညက ဘိုင်ယန်မြူးနစ်အသင်းကို ၇-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကြောင့် အလျင်စလို ဆုံးဖြတ်ချက်ချသွားမှာမဟုတ်ကြောင်းနဲ့ ချန်ပီယံလိဂ်အိပ်မက်ဆိုးမက်ခဲ့ရတဲ့ ဘိုင်ယန်နဲ့ပွဲစဉ် ပထမပိုင်း မိနစ် ၃၀ ဟာ ယခုရာသီ ၎င်းအသင်းကစားခဲ့တဲ့ထဲမှာ အကောင်းဆုံးအခိုက်အတံ့ဖြစ်တယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ၁၂ မိနစ်မှာပဲ ဆွန်ဟောင်မင်က အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ၁၅ မိနစ်မှာ ဂျိုရွှာကင်မစ်ချ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး ၄၅ မိနစ်မှာ စပါးအသင်း ပင်နယ်တီဧရိယာထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ လီဝန်ဒေါစကီးက ကန်သွင်းယူပြီး ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒုတိယပိုင်းမှာ ဂနာဘရီရဲ့ လေးဂိုးသွင်းယူခြင်းကို ခံခဲ့ရပြီး လီဝန်ဒေါစကီးက နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ကြီးမားတဲ့အဝေးကွင်းအောင်ပွဲကို ရယူပေးနိုင်ခဲ့ပါတယ်။

“အရေးအကြီးဆုံးအရာက ဒီလိုအခြေအနေမှာ ဆက်သွားဖို့ အမြဲတမ်းအသင်းကို အကဲဖြတ်ရတယ်။ ကစားသမားတွေကို အကဲဖြတ်ရတယ်။ ဒါက ကျွန်တော်တို့အတွက် အခက်ခဲဆုံးအလုပ်လို့ ကျွန်တော် ထင်ပါတယ်”



“ရလဒ်က ခက်ခဲကြမ်းတမ်းခဲ့ပေမယ့် အရေးအကြီးဆုံးက စိတ်အေးအေးထားဖို့နဲ့ အလျင်စလို မသုံးသပ်ဖို့၊ အလျင်စလို အကဲမဖြတ်ဖို့ပါ။ ကျွန်တော်တို့ နာရီအနည်းငယ်လောက် အချိန်ယူရပါမယ်”

“ပထမပိုင်း မိနစ် ၄၀ အပြီးမှာ အဲဒါက ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော့်ရဲ့ခံစားချက်ကို တဖန်ပြန်ပြီး ခံစားမိတယ်။ ဒီကွင်းကြီးက မျှော်လင့်ချက်တွေရှိခဲ့ပေမယ့် ဒါက ဘောလုံးပဲလေ။ အပြောင်းအလဲတွေ ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါက ထူးဆန်းတဲ့ပွဲဖြစ်ပြီး ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး”

“ရိုးရိုးသားသားပြောရမယ်ဆိုရင် ပထမပိုင်း မိနစ် ၃၀ အပြီးမှာ ဒီရာသီ အသင်းကို ကိုင်တွယ်ခဲ့တဲ့ထဲမှာ အကောင်းဆုံးခံစားချက်ကို ရခဲ့ပါတယ်”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က