ဘိုင်ယန်ကို အရှက်တကွဲရှုံးနိမ့်ပြီး အုပ်စုတတိယနေရာမှာ ရပ်တည်ခဲ့ရတာပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြ ပိုချက်တီနိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၇ ဂိုး ၂ ဂိုးနဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို စကားတစ်ခွန်းမှ မပြောဘဲ ဆိတ်ဆိတ်နေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဆွန်ဟောင်မင်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၃ မိနစ်အကြာမှာ ဂျိုရွှာကင်မစ်ချ်က ဘိုင်ယန်မြူးနစ်အတွက် ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။

ရောဘတ်လီဝန်ဒေါစကီးက ပထမပိုင်းပြီးဆုံးခါနီးမှာ ပင်နယ်တီဧရိယာထိပ်ကနေ ကောင်းမွန်တဲ့ ကန်သွင်းချက်နဲ့ လိုရစ်ရဲ့ ဂိုးဘယ်ဖက်အောက်ခြေကို အပြင်းကန်သွင်းပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂနာဘရီက ဒုတိယပိုင်း ၅၃ မိနစ်နဲ့ ၅၅ မိနစ်တို့မှာ ၂ ဂိုးဆက်တိုက်သွင်းယူပေးခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက ဟယ်ရီကိန်းရဲ့ ပင်နယ်တီကြောင့် မျှော်လင့်ချက်ရောင်ခြည်ပြန်လည်သမ်းခဲ့ပေမယ့် ဂနာဘရီရဲ့ဟက်ထရစ်သွင်းဂိုးနဲ့ လီဝန်ဒေါစကီးရဲ့ ဒုတိယမြောက်သွင်းဂိုးကြောင့် ပြန်မလာနိုင်တော့တာဖြစ်ပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းဟာ ၂ ပွဲကစားပြီးချိန်မှာ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲ ရယူထားနိုင်ခဲ့ပြီး အုပ်စု B အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီး ပိုချက်တီနိုရဲ့စပါးအသင်းကတော့ ရက်ဒ်စတားဘဲလ်ဂရိတ်ရဲ့အောက် အုပ်စုတတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

“အခု စကားပြောဆိုဖို့အတွက် ခက်ခဲပါတယ်။ ကျွန်တော် အဝတ်လဲခန်းထဲမှာ စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး”

“ကျွန်တော်တို့ အတူတကွနေရပါမယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော်တို့ အခု စကားမပြောနိုင်တာကို တွေးကြည့်နိုင်ပါတယ်”

“ကျွန်တော်တို့ ပထမဆုံးတည်ငြိမ်အောင်လုပ်ရမယ့် အခြေအနေပါ။ ပြီးရင်တော့ ကျွန်တော်တို့ မနက်ဖြန် စကားပြောပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့တော့မဟုတ်ပါဘူး”

“ကျွန်တော်တို့ ခံစားချက်က ကောင်းမွန်မနေပါဘူး။ အရမ်း စိတ်ပျက်နေကြပါတယ်”

“ဒါပေမယ့် အခုလိုအခိုက်အတံ့မှာ အေးဆေးနေပြီး စိတ်ခံစားမှုပြင်းထန်နေချိန်မှာ အော်ဟစ်ပြီး ကျွန်တော်တို့ ဘာကိုမှ ပြင်ဆင်လို့မရနိုင်ပါဘူး”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က