• ဆုကြီးပေါက်တဲ့ ထီလက်မှတ်နဲ့အတူ ခင်ပွန်းသည် ထွက်ပြေးလို့ ထိုင်းအမျိုးသမီး ရဲစခန်းမှာတိုင်ကြား

မြန်မာကျပ်‌ငွေ သိန်းသုံးထောင်ကျော်ဆုကြေးရရှိမယ့် ထီလက်မှတ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဆုကြီးပေါက်ထားတဲ့ ထီလက်မှတ်ကိုယူပြီး ခင်ပွန်းဖြစ်သူ ထွက်ပြေးသွားတာကြောင့် အမျိုးသမီးတစ်ဦးက ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ ဆိုတယ်။

image

(ရဲစခန်းမှာတိုင်ကြားခဲ့သည့် ပွန်သီတာ) (Photo: Sutthiwit Chayutworakan)

ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားမှုအရ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခင်ပွန်းက ထိုင်းဘတ်ငွေ ၆ သန်း (မြန်မာကျပ်ငွေ သိန်းသုံးထောင်ကျော်) ဆုကြေးရရှိမယ့် ထီလက်မှတ်ကိုယူပြီး ထွက်ပြေးသွားကြောင်း ရဲစခန်းမှာ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ထီဆုကြေးငွေကို ၎င်းတို့နှစ်ဦး အညီအမျှ ခွဲဝေယူကြရန် သဘောတူထားခဲ့ကြပေမဲ့ ခင်ပွန်းဖြစ်သူက ထီလက်မှတ်နဲ့အတူ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။



အူဘွန်ရတ်ချာသာနီခရိုင်မှ ပွန်သီတာချမ်နန်ဝက်တ် အမည်ရှိ အမျိုးသမီးက ထီလက်မှတ်ယူပြီး ထွက်ပြေးသွားတဲ့ ခင်ပွန်းကို Phra Pradaeng ရဲစခန်းသို့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၇ ရက်) ည ၁၀ နာရီခွဲဝန်းကျင်မှာ လာရောက်တိုင်ကြားခဲ့ပါတယ်။ ဘန်ကောက်မြို့ သွန်ဘူရီခရိုင် ဇာတိဖွား အသက် ၃၄ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ဝီဂျက်ခ်ဝမ်နာပရာဆစ်နဲ့ သူမတို့ဟာ စက်ရုံတစ်ရုံတည်းမှာ အလုပ်လုပ်ကိုင်ခဲ့ကြတယ်လို့ ပွန်သီတာက ပြောပါတယ်။



(ထိုင်းအစိုးရထီဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားသည့် ထီပေါက်စဥ်) (Photo: The Government Lottery Office)

၎င်းတို့ဟာ သုံးလုံးတိုက် ထီလက်မှတ်တစ်စောင်ကို လက်ပွေ့ရောင်းသူတစ်ဦးထံမှ နိုဝင်ဘာ ၉ ရက်နေ့မှာ ထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပင် နောက်ထပ် အစိုးရထီလက်မှတ် နှစ်စောင်ကိုလည်း ဝယ်ယူခဲ့ကြပြီး တစ်စောင်ကို သူမက ရွေးချယ်ခဲ့ကြောင်း ပွန်သီတာက ပြောပါတယ်။

ထိုနေ့က သူမ ရွေးချယ်ခဲ့တဲ့ ထီလက်မှတ်နံပါတ် ၀၁၇၂၂၃ ဖြင့် စနေနေ့ (နိုဝင်ဘာ ၁၆ ရက်) ထီဖွင့်ပွဲမှာ ပထမဆုကြီး ဘတ် ၆ သန်းဆု ထီပေါက်ခဲ့တယ်လို့ သိရပါတယ်။ ထီပေါက်ပြီးနောက် သူမတိုကနှစ်ဦးကို Phra Pradaeng ရဲစခန်းမှာ မှတ်တမ်းယူထားခဲ့ပြီး ထီလက်မှတ်နဲ့အတူ ဓာတ်ပုံရိုက်ကာ ၎င်းတို့ရဲ့ နာမည်တွေကိုလည်း ရေးသားထားခဲ့ကြောင်း ပွန်သီတာက ပြောပါတယ်။ ထို့နောက် ငှားရမ်းနေထိုင်ကြတဲ့ အခန်းကို ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

(ထိုင်းအစိုးရထီလက်မှတ်များ) (Photo: nist6dh/Flickr)

၎င်းတို့နှစ်ဦးဟာ ထီဆုကြီးပေါက်တာကြောင့် အလွန်ပျော်ရွှင်နေခဲ့ကြပြီး ဆုငွေတွေကို အညီအမျှ ခွဲဝေယူကြမယ်လို့ သဘောတူခဲ့ကြကာ ရရှိမယ့်ငွေတွေကို မည်သို့သုံးစွဲမယ့်လို့လည်း စီစဥ်နေခဲ့ကြကြောင်း သူမက ပြောပါတယ်။ သို့သော် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာတော့ ခင်ပွန်းဖြစ်သူ ဝီဂျက်ခ်က သူမကို ထီဆုငွေ ဘတ် ၂ သန်းသာရမယ်လို့ ပြောခဲ့ကြောင်း ပွန်သီတာက ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ထို့နောက် ၎င်းတို့နှစ်ဦး အချေအတင် စကားများခဲ့ကြပြီး ဝီဂျက်ခ်က သူမကို တရားရုံးကိုသွားရန် ပြောပြီးနောက် ဆုကြီးပေါက်ထားတဲ့ ထီလက်မှတ်နဲ့အတူ ထွက်သွားခဲ့ကြောင်း သိရပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းဖြစ်သူကို ထီဆုငွေမထုတ်နိုင်ရန် တားမြစ်ပေးဖို့အတွက် ပွန်သီတာက ရဲစခန်းမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ အစိုးရထီရုံးကိုလည်း ထီဆုကြေးငွေ ထုတ်မပေးရန် အရေးဆိုသွားမယ်လို့ ပွန်သီတာက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က