• UNESCO’s World Heritage Bagan အထိမ်းအမှတ်နဲ့ ဖျော်ဖြေပွဲလုပ်မယ့်အနုပညာရှင်များ

ဖျော်ဖြေပွဲကို ၃ ရက်အကြာပြုလုပ်သွားမှာဖြစ်ပါတယ်။

နာမည်ကျော် အဆိုတော်များစွာတို့ ပူးပေါင်းပြီး UNESCO’s World Heritage Bagan အထိမ်းအမှတ်အဖြစ် ဖျော်ဖြေပွဲပြုလုပ်မယ်လို့ သိရပါတယ်။ အနုပညာရှင်ပေါင်း ၂၇ ယောက် ပါဝင်သီဆိုသွားကြမှာ ဖြစ်ပါတယ်။

image

UNESCO’s World Heritageရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းမှာ သတ်မှတ် ခံလိုက်ရတဲ့ အထိမ်းအမှတ်အဖြစ် အနုပညာရှင်တွေက ဖျော်ဖြေပွဲတစ်ခု လုပ်မယ်လို့ သိရပါတယ်။ အဆိုတော်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။

‘’ကဲ လာမယ့် ဇူလိုင်လ ၁၂၊ ၁၃၊ ၁၄ ရက်နေ့တွေမှာ UNESCO’s World Heritage Bagan အောင်မြင်ခြင်း အထိမ်းအမှတ်အတွက် Shin Than Thu (STT) ကုမ္ပဏီကနေ ကျင်းပမယ့် Free Show တွေကို ကြည့်ရင်းပုဂံမြေကို သွားရောက် ဂုဏ်ပြုကြရအောင်’’ ဆိုပြီးတော့ ဇော်ဝင်းထွဋ် Photo Album Facebookpage မှာ ဇူလိုင်လ ၈ ရက်နေ့ည ၈ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: We Love Bagan

ဖျော်ဖြေပွဲကိုတော့ ၃ ရက်ကြာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ဖျော်ဖြေပွဲ နာမည်ကိုလည်း UNESCO’s World Heritage Bagan ဆိုပြီးတော့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

‘’၁၂ ရက်နေ့မှာ မြန်မာသံအဆိုတော်ကြီးများဖြစ်တဲ့ အန်တီထား ၊ ဒေါ်ရီရီသန့်၊ ဒေါ်ချိုဝေလွင်၊ ဒေါ်ချိုပြုံး၊ ကေတုဝင်းထွဋ်၊ ဦးတင်ဦးလေး၊ ဦးသန်းမြတ်စိုး၊ ဖိုးသောကြာ၊ ခင်ပိုးပန်းချီ တို့ရဲ့ ဖျော်ဖြေမှု၊ ၁၃ ရက်နေ့မှာ Rock Music နဲ့ နံမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ ဝေလ၊ ရင်ဂို၊ စည်သူလွင်၊ ဇော်ပိုင်၊ ဂျီလတ်၊ လင်းလင်း၊ ေမင်းအိမ်၊ ဟေမာနေဝင်း၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ကော်နီ၊ မီမီဝင်းဖေ၊ ချောစုခင် အစရှိ အဆိုတော်များရဲ့ ဖျော်ဖြေမှု၊ ၁၄ ရက်နေ့မှာတော့ ဖိုးချစ်ရဲ့ ဇာတ်သဘင်နဲ့အတူ ဦးဝင်းနောင် (မန္တလေး)၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည် တို့နဲ့အတူ ပုဂံဂုဏ်ပြုပွဲ အဖြစ် Free Show တင်ဆက်သွားမှာဖြစ်တယ်လို့ အားလုံးကို အကုန်အကျခံကာ ရင်ထဲက ပုဂံအတွက် စီစဉ်တဲ့ ပုဂံသားကြီး Bagan Ko Myo က သတင်းပေးပို့ ထားပါတယ်။ နေရာကတော့ အနန္ဒာဘုရားရှေ့က ကားရပ်နား ကွင်းမှာပါတဲ့ ပုဂံမြေမှာ လာမယ့် Week End မှာ ဆုံမယ်နော်’’ လို့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Mi Mi Khine

(၂၀၁၉) ခုနှစ်၊ ဇူလိုင်လ ( ၆ ) ရက်နေ့မှာ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလည်း အရမ်းကို ဝမ်းသာလို့နေကြပါတယ်။

၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့၌ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးမှ ပျူမြို့ဟောင်း (၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရာ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က