• ဖုန်းလုဖို့ ကြိုးစားရင်း ဝိုင်းထိုးကြိတ်ပြီးဓါးနဲ့ ထိုးလို့ နောက်ဆုံးနှစ်ကျောင်းသားသေဆုံး

ကျောက်ဆည် GTI က ကျောင်းသားသေဆုံးခဲ့တာပါ။

ကျောက်ဆည် GTI က နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ရဲ့ဖုန်းကို လူ ၃ ယောက်က လုယူဖို့ကြိုးစားရင်ထိုးကြိတ်ပြီး ဓါးနဲ့ ထိုးတာကြောင့် သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ကျောက်ဆည်ရဲစခန်းက Duwun ကိုပြောပါတယ်။



image

Photo - Voice of Myanmar



သြဂုတ်လ ၂၉ ရက်နေ့ ည ၉ နာရီခွဲလောက်က ကျောင်းသား နေမင်းထက်က သူ့သူငယ်ချင်းနဲ့အတူ ဆိုင်ကယ်အတူစီးလာရင်း ဖုန်းထဲက ဂိမ်းကိုဆော့လာရာမှာ လူ ၃ယောက်စီးလာတဲ့ ဆိုင်ကယ်က သူတို့ဘေးကယှဉ်လိုက်လာပြီး ဖုန်းကို လုယူခဲ့ပါတယ်။



အဲ့ဒီနောက် ဖုန်းလုရင်း ဆိုင်ကယ်လဲသွားတာကြောင့် ဖုန်းလုဖို့ကြိုးစားတဲ့ လူ ၃ ယောက်က ကျောင်းသားနှစ်ယောက်ကို ထိုးကြိတ်ရင်းနေမင်းထက်ကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ CCTV မှတ်တမ်းအရ ရဲတပ်ဖွဲ့ကပြောပါတယ်။



"ကျူးလွန်တဲ့ သူ ၃ ယောက်လုံးကို သြဂုတ်လ ၃၀ ရက်နေ့ မနက် ၂ နာရီလောက်မှာ အကုန်ဖမ်းမိပါတယ်။"လို့ ကျောက်ဆည်ရဲစခန်းက ရဲအရာရှိတစ်ဦးက Duwun ကို သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဖြေကြားခဲ့ပါတယ်။



သေဆုံးတဲ့ ကျောင်းသားနဲ့အတူပါလာတဲ့ ကျောင်းသားတစ်ယောက်ကတော့ ထိုးကြိတ်ခံရတဲ့ ဒဏ်ရာတွေရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူပြီး နေတယ်လို့သိရပါတယ်။



လုယက်သူ သုံးဦးကိုတော့ ကျောက်ဆည်ရဲစခန်းမှာ ပ/၇၃၁/ ၂၀၁၈၊ နဲ့ ပုဒ်မ ၃၀၂/ ၁၁၄ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ လူသတ်သူတွေဟာ အရင်ကလည်း လုယက်မှုတွေ ကျူးလွန်ဖူးကြသူတွေဖြစ်ပြီး လုယက်မှု ခိုးမှုတွေနဲ့ ရဲက အလိုရှိနေသူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က