၁၀ နှစ်အရွယ်ကျောင်းသားလေး သေဆုံးသွားတာပါ။

ကျောက်တန်းမှာ မူလတန်းကျောင်းသားကလေးငယ်တစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွား ကျောက်တန်းမြို့နယ်ချောင်းဝကျေးရွာမှာ ၄ တန်းတက်ရောက်နေတဲ့ အသက် ၁၀ နှစ်အရွယ် မူလတန်းကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံံးမှုဖြစ်ပွားခဲ့တယ်လို့ ကျောက်တန်းမြို့မ ရဲစခန်းက နေသိရပါတယ်။





Photo - Myint Zaw

သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ ခန့်က ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေးခဲ့တဲ့ အချိန်မှာ ချောင်းဝကျေးရွာမှာနေတဲ့ ဒေါ်လှလှဌေး ရဲ့ နေအိမ်အိမ်ရှေ့ခန်းမှာ အဆိုပါ ၁၀ နှစ်အရွယ်ကျောင်းသားက ၆ ပေခန့်ရှိတ့ နိုင်လွန်ကြိုးနဲ့ ၆ ပေမြင့်တဲ့ နေအိမ်ထုတ်တန်းမှာ ဖနောင့်လွတ်၊ခြေနဲ့ ကြမ်းပြင်ထိရုံအနေအထားနဲ့ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲနဲ့ အခင်းဖြစ်ပွားချိန်က မိဘတွေ အလုပ်သွားတဲ့အချိန်ဖြစ်ပြီးတော့ အသက် ၅ နှစ်အရွယ် ညီမဖြစ်သူနဲ့ အတူရှိနေတဲ့အချိန်၊မိဘတွေအလုပ်ကိစ္စနဲ့ အပြင်သွားနေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ကို ကျေးရွာနေပြည်သူတွေအကြားမှာတော့ ညီမဖြစ်သူနဲ့ ဆော့ကစားရင်းရုပ်ရှင်ဇာတ်လမ်းမှာပါတဲ့ ပုံစံအတိုင်း လုပ်ပြရာကနေ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာကိုတော့ “ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။

သူတို့ ပြောထားသလို တော့ မဟုတ်ပါဘူး။ “ လို့ ကျောက်တန်းမြို့မရဲစခန်းက ဒုရဲအုပ် စိုးထွန်းနိုင်က Duwun ကိုပြောပါတယ်။

အလောင်းကို သေမှုသေခင်းအမှတ်စဉ် ( ၁၆/၂၀၁၈ ) နဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ ကျောက်တန်းမြို့မရဲစခန်းကနေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က