မြန်မာစာပေနဲ့ အနုပညာမူပိုင်ခွင့် အဖွဲ့အစည်းက ချီးမြှင့်ခဲ့တာပါ။

ပိုင်ဖြိုးသုဟာ မြန်မာစာပေနဲ့ အနုပညာမူပိုင်ခွင့်နေ့ ၂၀၁၉ အဖြစ် ‘’ရုပ်ရှင်ဂုဏ်ပြုဆု’’ ချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ သူမဟာ ပညာရေးမှာရော အနုပညာမှာပါ ထူးချွန်သူတစ်ယောက်ပါ။

Photo: Oakkar Lay



သရုပ်ဆောင် ပိုင်ဖြိုးသုကို မြန်မာ့စာပေနဲ့ အနုပညာမူပိုင်ခွင့်နေ့ ၂၀၁၉ အဖြစ် ရုပ်ရှင်ချစ်သူများကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်ဝါရင့်အနုပညာရှင်တစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ စာပေပညာရှင်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးဦးတို့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ‘’ရုပ်ရှင်ဂုဏ်ပြုဆု’’ ချီးမြှင့်ခဲ့ပါတယ်။

Photo: Paing Phyo Thu

ဒီဆုအတွက် ပိုင်ဖြိုးသု က Facebook My Story မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက သူ့ဘဝရဲ့ မမေ့နိုင်စရာ အမှတ်တရ တစ်ခု ဖြစ်ခဲ့ပြီ ဆိုတာကို ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးရခြင်း အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုနဲ့ အတူ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းမကိုင်ပါသောကြောင့် သေသေချာချာ မသိရှိခဲ့ရပါဘူး။


Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ အနုပညာမှာလည်း ထူးချွန်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ပညာရေးမှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ သူမ ဟာ ဆေးကျောင်းတက် နေချိန်မှာပဲ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပညာရေးမှာ အဓိက ကျတဲ့အနေအထားတစ်ခု ရောက်ရှိချိန်မှာတော့ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားခဲ့ပါတယ်။ ကျောင်းပြီးသွားတဲ့ အချိန်မှာတော့ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်လောကထဲကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ ဆေးကျောင်းတက်ရင်းနဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာ ဖြစ်ပါတယ်။ အနုပညာပျိုးခင်က စင်တင်ပေးလိုက်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက 3Girl ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ပိုင်ဖြိုးသုက ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဇဏ်ခီနဲ့ အတူ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က