ရန်အောင်ဟာ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ ၃ သိန်းကျပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ရန်အောင်ဟာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ကြားက အလှူအတန်းလည်း မပျက်အောင် ဆောင်ရွက် နေတာဖြစ်ပါတယ်။

အကယ်ဒမီများရှင် ရန်အောင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်နေရတဲ့ ကြားက အလှူအတန်းလည်း မပျက်အောင် ဆောင်ရွက် နေတာဖြစ်ပါတယ်။ မကြာခင် ကျင်းပပြုလုပ်မယ့် ရှပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေ ၃ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
'' မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အကယ်ဒမီများရှင် ရန်အောင် မှ ငွေကျပ် သုံးသိန်း (၃၀၀, ၀၀၀ိ /- ) လှူဒါန်းပါသည်။ သာဓု သာဓု သာဓု'' ဆိုပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အလုပ်မှုဆောင် ဦးဝင်းမြိုင်ရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီက တင်ခဲ့တာဖြစ်ပါတယ်။
အကယ်ဒမီရန်အောင်ရဲ့ လှူဒါန်းငွေကို ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပါဝင်ကူညီဆောင်ရွက်နေတဲ့ ဦးဝင်းမြိုင်၊ ဒေါ်ခင်မို့မို့အေး နဲ့ ဒေါ်ခင် သန်းနွယ်တို့က လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ ကြားက အလှူအတန်းတွေလည်း လုပ်ဖြစ် နေတာကိုတွေ့ရပါတယ်။
တူလေးနဲ့တွဲပြီး ရုပ်ရှင်ကားတွေရိုက်ထားတယ်ဆိုတဲ့ ရန်အောင်
ရန်အောင်ဟာ လက်ရှိအနုပညာလောကမှာ ကိုယ့်ထက်အနုပညာဝါရင့်တဲ့ လူကြီးတွေနဲ့ရိုက်ကွင်းမှာဆုံရင် နှုတ်ဆက်ဂါရဝ ပြုလေ့မရှိတဲ့ အနုပညာရှင်တွေလည်းရှိတယ်ပြောပါတယ်။ အနုပညာအလုပ်ကို လုပ်မယ်ဆိုရင် ကိုယ့်ထက် ကြီးသူတွေကို ရိုသေစေချင်တယ် လေးစား စေချင်တဲ့ ဆန္ဒတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။
'' အနုပညာလောကထဲကို စဝင်ကတည်းက ရိုက်ကွင်းပေါ်ကိုရောက်လာတယ်ဆိုရင် ကိုယ့်ထက်ကြီးတဲ့လူ ကိုအရင်ဆုံးနှုတ်ဆက်တယ်။ ကိုယ်က ဘယ်လောက်ပဲ နာမည်ကြီးကြီး ဂါရဝပြုတယ်။ အခုခေတ်မှာဆိုရင် ကျွန်တော်တို့က လိုက်ခေါ်နေရတယ်။ တချို့တွေပါ အများတော့ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း ကျွန်တော်တို့ တုန်းကလို ဖြစ်စေချင်ပါတယ်'' လို့ သူကဆိုပါတယ်။
ရန်အောင်ဟာ သူရဲ့ တူလေး မင်းဇေနဲ့အတူတွဲပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ မင်းဇေဟာ သရုပ်ဆောင် ဘက်မှာလည်း ဝါသနာပါသလို ဂီတဘက်မှာလည်း ကြိုးစားချင်တဲ့ ဆန္ဒရှိနေတယ်လို့ ရန်အောင်က ပြောပါတယ်။ မင်းဇေကလည်း အနုပညာ လောကထဲကို ရွှေကြိုရွေးချယ်ပွဲကနေတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
အကယ်ဒမီများရှင် ရန်အောင် ရဲ့ တူတော်စပ်သူ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ မင်းမင်းဇေကတော့ အနုပညာလောကထဲမှာ ကြိုးစားနေတယ် လို့ သိရပါတယ်။ မင်းဇေရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ရန်အောင်က အမြဲတမ်း ဆုံးမသွန်သင်စကားပြောဖြစ်တယ် ဆိုပြီးတော့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။