• ရုပ်ရှင်ကို ပေါ်ပင်လုပ်တယ်လို့ထင်ခဲ့ကြသူတွေရှိတယ်ဆိုတဲ့ ခရစ္စတီးနားခီ

အခုချိန်မှာတော့ အဆင်ပြေပြေလုပ်လာနိုင်ခဲ့ပြီ။

ခရစ္စတီးနားခီဟာ ရုပ်ရှင်ကို ပေါ်ပင်အဖြစ်လုပ်တယ်လို့ ဝေဖန်ခဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ဟာ ပေါ်ပင်မဟုတ်ဘဲ ပရိသတ်ရင်ထဲရောက်မယ့် ဇာတ်ကားတွေရိုက်ကူးနေတာ ဖြစ်ပါတယ်။

image

ဒါရိုက်တာ ခရစ္စတီးနားခီက လက်ရှိမှာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လို့နေပါပြီ။ ဒီလောကထဲကို စတင်ဝင်ရောက်ခဲ့စဉ်က ရုပ်ရှင်ကို ပေါ်ပင်လုပ်ပြီး ရိုက်တယ်ဆိုတဲ့ စကားတွေလည်း ရှိခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’လမ်းကြောင်း နှစ်ခုရှိနေတဲ့ အထဲမှာမှ ကိုယ်က နောက်ထပ် လမ်းကြောင်းတစ်ခုအနေနဲ့ ရပ်တည်နေရတယ်။ ရပ်တည်နေတဲ့အချိန်မှာ ပရိသတ်က ရုပ်ရှင်ကို လာထွက်ကြည့်တယ်။ အမှန်အတိုင်းပြောရရင် နှစ်အစလောက်ကဆိုတော့ အစ်မတို့ရုပ်ရှင်တွေကို မေ့သွားပြီ၊ တချို့ကဆိုရင် ပေါ်ပင်လို့တောင် ထင်ကြတယ်ပေါ့နော်။ အစ်မတို့ နှစ်ယောက်က ရုပ်ရှင်တွေကို ပေါ်ပင်အနေနဲ့ ထပြီးတော့ ဖြစ်တယ်လို့ထင်ပေမယ့် အကယ်ဒမီ ပေးပွဲလည်းရောက်ရော၊ အစ်မတု့ိက ပေါ်ပင်မဟုတ်ဘူးလို့ ထွက်ပြောပြပေးတဲ့အတွက် အစ်မတို့လည်း အလုပ်လုပ်ရတာ ပိုပြီးတော့ အဆင်ပြေလာတယ်’’လို့ မေလ ၁၂ ရက်နေ့က ပြည်သူ့အကယ်ဒမီ ပေးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Christina kyi

အဲဒီနောက် ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျမယ့် ဇာတ်ကားမျိုးတွေကို ကိုယ်တိုင် ဖန်တီးဖြစ်တဲ့အကြောင်းလည်း ခရစ္စတီးနားခီက ဆက်လက်ပြောပြထားပါတယ်။

‘’အများစုကတော့ စိတ်ခံစားမှုအရမ်းပြင်းထန်တဲ့ ဇာတ်ကားတွေကို မကြည့်ချင်ကြဘူး။ ဘာကြောင့် လဲဆိုတော့ကိုယ့်ရဲ့ မိသားစုဘဝကိုက နေထိုင်ရတာ သိပ်ဒုက္ခရောက်တာတွေ များလာတဲ့အတွက် ပျော်ပျော်ပါးပါးဇာတ်ကားတွေကို ကြည့်ချင်တယ်။ ဒါမှမဟုတ်လေးလေးနက်နက်ဖြစ်မယ့် ဇာတ်ကားတွေကို ကြည့်ချင်တဲ့အခါကျရင်တော့ တကယ်ကို အိုက်တင်တွေပါ ထိထိရောက်ရောက်၊ ဇာတ်လမ်းလေးတွေ ထိထိရောက်ရောက် ချိတ်မိတဲ့ဇာတ်ကားတွေကို ကြည့်ချင်တဲ့ သဘောမှာတွေ့ရတယ်။ ရုပ်ရှင်ကတော့ ရိုက်တဲ့သူရဲ့ တာဝန်ယူမှု အကြီးကြီး ဖြစ်သွားတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Christina kyi

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က