• ရုပ်ရှင်ရိုက်တော့မယ်ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

တစ်ကားပဲ ရိုက်မှာပါ။

ပရိသတ်အချစ်တော် မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ကတော့ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့ မယ်တဲ့။ သူ နဲ့ အတူ ပါဝင်သရုပ်ဆောင်ရမယ့် မင်းသားကတော့ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ သဘာဝ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။

image
 

ပရိသတ်အချစ်တော် မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ကတော့ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ်တဲ့။ ဒီ ဇာတ်ကား ရိုက်ဖို့ အတွက်လည်း အခုကတည်းက  သူမကျွမ်းကျင်တဲ့ အရာအတွက် ရင်ခုန် စိတ်လှုပ်ရှားနေပြီ ဆိုတာကို Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

'' ၁၁ လပိုင်းရောက်ရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ရှိတယ်၊ ကာရိုက်တာကတော့ သုသုက သုသုပါပဲ။ ဆင်းန် ပေါ်ရောက်ရင်လည်း ရင်ခုန် ရမှာပဲ။ အခုကတည်းကလည်း ရင်ခုန်တယ်။ အရင်ကတည်းက ကိုယ်မကျွမ်းကျင်တဲ့ အရာ တစ်ခုဆိုတော့ ကြိုးစားရမှာပေါ့လေ'' လို့ ဆိုပါတယ်။

 

ညီညီမောင်(စမ်းချောင်း) နဲ့ အတူ ပါဝင်သရုပ်ဆောင်ရမယ့် မင်းသားကတော့ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ သဘာဝ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သုသုဟာ အခုချိန်မှာ ဇာတ်ညွှန်းတွေ ဖတ်နေရပြီလို့ ဆိုပါတယ်။

'' မင်းသားကတော့ လောလောဆယ် ကြားတာကတော့ ကိုမြင့်မြတ်လို့တော့ ပြောတယ်။ ထုတ်လုပ်ရေးကတော့ ဇာတ်ညွှန်းတွေလည်း ပို့တော့ ပို့ထားတယ်၊ ဖတ်လည်း ဖတ်နေပါပြီ။ ဘယ်လို အခြေအနေရှိဦးမလဲ ။ ဘယ်လို အပြောင်းအလဲတွေ ဖြစ်မလဲ ဆိုတာတော့ မပြောတတ်သေးပါ ဘူး'' ဆိုပြီးတော့ သြဂုတ်လ ၁၉ ရက်နေ့က RENE Fashion ဆိုင်ဖွင့်ပွဲမှာ Duwun Media ကို ဖြေဆိုထားတာဖြစ်ပါတယ်။

လှချင်လို့ ခွဲစိတ်ပြုပြင်တာပါဆိုတဲ့ ညီညီမောင်(စမ်းချောင်း) 

ညီညီမောင်(စမ်းချောင်း) က ရုပ်ရှင်ဇာတ်ကား တစ်ကားဘဲ ရိုက်ကူးမှာပါတဲ့။ ဇာတ်ကားကို ရိုက်ကူးတဲ့ အချိန်မှာလည်း သူငယ် ချင်းဖြစ်သူ မိတ်ကပ်လင်းလင်း နဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်လို့ အမှတ်တရအနေနဲ့ လက်ခံဖြစ်လိုက်တာလို့လည်း သူကပြောပါတယ်။ ရှေ့ဆက် ပြီးတော့လည်း မိတ်ကပ်ပြင်တဲ့ အလုပ်ပဲ လုပ်မယ်လို့ ဆိုပါတယ်။

'' ရုပ်ရှင်ကတော့ ဒီတစ်ကားပဲ ရိုက်မှာပါ။ နောက်ကားတွေလည်း မရိုက်နိုင်လောက်ဘူး ဘာကြောင့်လည်း ဆိုတော့ အရမ်းပင်ပန်းတယ်။ အခုတောင်မှ ရိုက်တော့မယ်ဆိုရင် ဖင်မနိုင် ခေါင်းမနိုင် လက်တုံ ခြေတုံတွေ ဖြစ်နေတာ၊ ဒါပေမယ့် သူငယ်ချင်းဖြစ်တဲ့ လင်းလင်းနဲ့လည်း ရိုက်ရမယ်ဆိုလို့ ရိုက်မှာ၊ ကိုယ်က မိတ်ကပ်ပဲ ဝါသနာပါတာဆိုတော့ ရှေ့ဆက်ပြီး မိတ်ကပ်အလုပ်ပဲ လုပ်ဖြစ်မှာပါ'' လို့ သူကဆိုပါတယ်။

 

ညီညီမောင်(စမ်းချောင်း) ဟာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယို လေးတွေ၊ အလှဓာတ်ပုံလေးတွေ တင်တတ်တဲ့ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက အများအပြားရှိနေပါတယ်။ မကြာခင်မှာတော့ သုသု ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေ မြင်တွေ့ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က