• Featured

    USB-C port သုံး ပထမဆုံး iPhone အဖြစ် မြင်ရဖို့ ရှိတဲ့ iPhone 14 Pro

iPhone သစ်တွေ ရောင်းကောင်းမယ့်အကွက် ဖြစ်လာနိုင်ပါတယ်

၂၀၂၂ မှာ ပထမဆုံး USB-C port သုံး iPhone တွေ ထွက်လာမလားလို့ ရင်ခုန်ရတော့မှာပါ။ 

iDropNews သတင်းအရ Apple ဟာ လာမယ့်နှစ်ထွက် iPhone lineup မှာ USB Type C port ကို ပထမဆုံး သုံးသွားမယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၂ မှာ ကြေညာမယ့် iPhone 14 Pro တစ်မျိုးတည်းပဲ USB Type-C ကို သုံးလာမှာ ဖြစ်ပြီး ၂၀၂၃ အရောက်မှာ non-Pro မော်ဒယ် iPhone သစ်တွေမှာလည်း USB-C port ပါလာမယ်လို့ ဆိုပါတယ်။ Lightning Port သုံး iPhone တွေကို USB Type-C နဲ့ မြင်ရမယ့်အချက်ဟာ စိတ်လှုပ်ရှားစရာ အပြောင်းအလဲတစ်ခုလို ဖြစ်လာနိုင်ပါတယ်။ 

image

Photo: Toms Guide


Apple ဟာ MacBooks နဲ့ iPad တွေအတွက် USB-C ကို ပြောင်းသုံးလာပေမယ့် iPhone တွေကိုတော့ အခုထိ Type-C port နဲ့ ထုတ်လုပ်လာခြင်း မရှိသေးပါဘူး။ ပြောင်းလဲလာတဲ့ အခြေအနေအရ Apple ဟာ USB-C port ပါ iPhone တွေကို အနှေးနဲ့အမြန် ပြောင်းလာရတော့မှာပါ။ ဥရောပသမဂ္ဂ EU အသိုင်းအဝိုင်းကလည်း ၂၀၂၄ မှာ USB C port ကို စံအားသွင်းစနစ်အဖြစ် တညီတညွတ်တည်း သုံးကြဖို့ ဥပဒေသစ် ပြင်ဆင်နေပါတယ်။ 

EU အနေနဲ့ အီလက်ထရွန်းနစ် စွန့်ပစ်မှု လျှော့ချရေးနဲ့ ဖောက်သည်တွေဝေခွဲရခက်မှုကို လျှော့ဖို့ အခုလို စံတစ်ရပ် ထားလိုက်တာ ဖြစ်ပါတယ်။ Lightning cables တွေဟာ USB 2.0 speeds နဲ့ပဲ လာတာ ဖြစ်လို့ Data Transfer Speed မှာ ပြောစရာ ဖြစ်လာနေပါတယ်။ Lightning နဲ့ဆို 720GB ( ၂ နာရီစာ 4K ProrRes ဗွီဒီယို) ကို Transfer လုပ်ဖို့ ၃ နာရီ ၄၅ မိနစ်ကြာပြီး USB-C (UBS 4.0) နဲ့ဆို ၂ မိနစ် ၃၈ စက္ကန့်အတွင်း ပြောင်းရွှေ့နိုင်မယ်လို့ iDropNews မှာ ဖော်ပြထားပါတယ်။ 

iPhone fan တွေအကြား တောင်းဆိုမှုအများဆုံး Features တွေထဲမှာ USB-C iPhone တွေ ထွက်ဖို့ဆိုတဲ့ အချက်လည်း ပါရှိပါတယ်။ တလောကပဲ စက်ရုပ်အင်ဂျင်နီယာတစ်ဦးဟာ iPhone X ကို USB Type-C port ဒီဇိုင်းပြောင်းပြီး eBay ပေါ် လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၈သောင်း ၆ ထောင်ကျော် ရခဲ့တယ်လို့ ဆိုပါတယ်။ Apple ရဲ့ တရားဝင် USB Type-C ပါ iPhone ဟာလည်း လူကြိုက်များစရာအကြောင်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က