• ရုရှားကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ချယ်ဆီး

အသင်းဖော် ချပ်ချုးဂေါ့ဗ်က ပြောကြားခဲ့တာပါ။

ချယ်ဆီးအသင်းဟာ စီအက်စ်ကေအေအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတာ ရက်သတ္တပတ်များစွာ ကြာမြင့်နေပြီဖြစ်ပေမယ့် ယခုအချိန်အထိ အလက်ဇန္ဒားဂိုလိုဗင်ကို ခေါ်ယူဖို့ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။ ဂိုလိုဗင်ကို မိုနာကိုအသင်းကလည်း ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေပေမယ့် အသင်းဖော်ဂိုးသမား ချပ်ချူးဂေါ့ဗ်က ချယ်ဆီးအသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

Modric-Golovin.jpg 

အလက်ဇန္ဒားဂိုလိုဗင်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး စီအက်စ်ကေအေအသင်းဖော်ဖြစ်တဲ့ ဂိုးသမား ချပ်ချူးဂေါ့ဗ်က ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ ဂိုလိုဗင်အတွက် ဝမ်းသာကြောင်း ရေးသားခဲ့ပြီး ဂိုလိုဗင်အနေနဲ့ အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့လိမ့်မယ်ဆိုတာ အရင်ကတည်းက သိနေခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

ချပ်ချူးဂေါ့ဗ်ဟာ ဂိုလိုဗင်ပြောင်းရွှေ့မယ့်အသင်းဟာ ချယ်ဆီးအသင်းဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ချယ်ဆီးအသင်းရဲ့ပရိသတ်တွေအတွက် စိတ်လှုပ်ရှားရမယ့်သတင်းကို ထုတ်ဖော်ကြေညာလိုက်တာဖြစ်ပါတယ်။

image
 

ချပ်ချူးဂေါ့ဗ်အနေနဲ့ ဂိုလိုဗင်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေထဲက ၎င်းပြောင်းရွှေ့စေချင်တဲ့အသင်းကို ပြောကြားခဲ့တာလည်းဖြစ်နိုင်ပြီး ပြင်သစ်ကလာတဲ့သတင်းတွေမှာတော့ ဂိုလိုဗင်ဟာ မိုနာအသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ရေးသားထားပါတယ်။

ချယ်ဆီးအသင်းဟာ မကြာသေးမီက ကြားသိရတဲ့သတင်းတွေအရ ဂိုလိုဗင်အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့် အပြီးသတ်သဘောတူညီမှုရရှိဖို့အတွက် ကြန့်ကြာနေတာဖြစ်ပါတယ်။ ယင်းအခြေအနေကို မိုနာကိုအသင်းက အသုံးချပြီး ဂိုလိုဗင်ကို ကြားဖြတ် ခေါ်ယူသွားနိုင်တဲ့အခြေအနေရှိနေပါတယ်။

ဂိုလိုဗင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားအသင်းရဲ့ကြယ်ပွင့်ကစားသမားအဖြစ် ထင်ပေါ်ခဲ့သူဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကတည်းက ဂိုလိုဗင်ကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဂိုလိုဗင်ကို ခေါ်ယူနိုင်ဖို့က ၅၀-၅၀ အနေအထားသာရှိနေတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့နည်းပြသစ် ဆာရီကတော့ ဂိုလိုဗင်ကို ခေါ်ယူဖို့ဆန္ဒမရှိဘဲ ၎င်းရဲ့စိတ်ကြိုက်လူစာရင်းကို တည်ဆောက်ဖို့သာ စိတ်ကူးရှိနေတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ လာမယ့်တနင်္လာနေ့မှာ ပါ့သ်ဂလိုရီအသင်းနဲ့ ရာသီကြိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ သြစတြေးလျကို ရောက်ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က