• VAR သာမကယ်တင်ခဲ့ရင် အိမ်ကွင်းမှာ နိုင်ပွဲပျောက်ဖို့ရှိခဲ့သေးတဲ့ ချဲလ်ဆီး

ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ချဲလ်ဆီးက ဒီပွဲမှာ အူဘာမီးယန်း၊ ဇာကာရီယာတို့ မပါဝင်သေးဘဲ နောက်တန်းမှာတော့ ဖိုဖာနာက သီယာဂိုဆေးလ်ဗား၊ ကူလီဘလီတို့နဲ့ တွဲဖက်ပြီး ပွဲထွက်ခဲ့ပါတယ်။ ရီစီဂျိမ်းစ်လည်း ပြန်လည်ပါဝင်လာခဲ့ပေမယ့် ကိုဗာဆစ်၊ ဂယ်လာဂါ၊ လော့ဖ်တပ်ချိခ်တို့ရဲ့ ကွင်းလယ်ရော၊ စတာလင်၊ ပူလီဆစ်တို့ရဲ့ တိုက်စစ်အတွဲရော စိတ်ဝင်စားစရာမရှိခဲ့ပါဘူး။

image

ဝက်စ်ဟမ်းဘက်ကလည်း ကစားသမားသစ် ပါကေတာ ပွဲထွက်ခဲ့ပြီး အန်တိုနီယို၊ ဘိုဝင်၊ ဖော်နယ်စ်တို့ တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်းကတော့ ပျင်းစရာကောင်းခဲ့ပြီး နှစ်သင်းလုံးရဲ့ ကစားပုံက ဘာမှစိတ်ဝင်စားစရာမရှိခဲ့ပါဘူး။ ချဲလ်ဆီးရဲ့ ပုံစံကိုကြည့်ရတာ ယုံကြည်မှုပျက်ပြားနေတဲ့ပုံပေါ်ပြီး အသင်းလိုက်ကစားဟန်မှာလည်း ရုန်းကန်ခဲ့ရပါတယ်။




ဒုတိယပိုင်းမှာ ဘရိုဂျာ၊ မေဆင်မောင့်တို့ ဝင်လာခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုးရခဲ့တာက ဧည့်သည်ဝက်စ်ဟမ်းဖြစ်ခဲ့ပါတယ်။ ဂိုးဧရိယာထဲ ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို အန်တိုနီယို အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ချဲလ်ဆီးတို့ ချေပဂိုးရဖို့ ပြန်လည်ဖိအားပေးလာခဲ့ပြီး ဂိုးလည်းပြန်ရခဲ့ပါတယ်။




သီယာဂိုဆေးလ်ဗား မ တင်ပေးလိုက်တဲ့ ဘောလုံးကတဆင့် လူစားဝင်ကစားသမား ဘင်ချီဝဲလ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ချဲလ်ဆီးတို့ အနိုင်ဂိုးရဖို့ တိုက်စစ်မြှင့်ခဲ့ပြီး ဘင်ချီဝဲလ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဟာဗက်ဇ်က ချဲလ်ဆီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ကော်နက်ရဲ့ ချေပဂိုးပြန်ပေးခဲ့ရပေမယ့် ဘိုဝင်နဲ့ မန်ဒီအတွေ့မှာ ဘိုဝင်က ပြစ်ဒဏ်ဘောကျူးလွန်ပါတယ်ဆိုပြီး VAR က ဂိုးကို ပယ်ဖျက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ကံကောင်းခဲ့ရပြီး အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခြားသောပွဲစဥ်တွေမှာတော့ ဘရန့်ဖို့ဒ်က လိဒ်စ်ကို ၅-၂ ဂိုး၊ စပါးက ဖူလ်ဟမ်ကို ၂-၁ ဂိုး၊ ဝုလ်ဗ်က ဆောက်သမ်တန်ကို ၁-၀ ဂိုး ဘုန်းမောက်က နှစ်ဂိုးအရှုံးကနေ နောက်ကလိုက်ကစားပြီး ၂-၃ ဂိုးဆိုတဲ့ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က