မြန်မြန်ဆန်ဆန် battery အားကုန်ခြင်းပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်ဖုန်းတစ်လုံးပါ။
 

OPPO Myanmar အနေနဲ့ နိုင်ငံတကာဈေးကွက်တွေမှာ မိတ်ဆက်ပေးထားပြီးဖြစ်တဲ့ OPPO F9 စမတ်ဖုန်းသစ်ကို  မြန်မာပြည်မိုဘိုင်းဈေးကွက်မှာ တရားဝင်မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

OPPO F9 မှာဒီဇိုင်းပိုင်းထူးခြားဆန်းသစ်မှုအဖြစ် မိုဘိုင်းလောကမှာပထမဆုံးဖြစ်တဲ့ Waterdrop Screen ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကို စတင်အသုံးပြုပေးထားပြီး မျက်နှာပြင်ကျယ်ဝန်းပြည့်ဝလာတာနဲ့အမျှ  ထိတွေ့သုံးစွဲမှုအပိုင်းမှာလည်း အားသာချက်များစွာကို ရရှိစေမှာဖြစ်ပါတယ်။



OPPO F9 မှာ OPPO ရဲ့ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တဲ့ VOOC Flash Charge အားအမြန်သွင်းစနစ်ပါဝင်မှာဖြစ်တဲ့အတွက် ယနေ့ခေတ်မိုဘိုင်းလောကရဲ့ မြန်မြန်ဆန်ဆန် battery အားကုန်ခြင်းပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

OPPO F9 မှာအဆင့်မြှင့်တင်ပေးထားတဲ့ AI လုပ်ဆောင်ချက်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ Portrait ဓာတ်ပုံတွေရိုက်ကူးနိုင်ဖို့အတွက် Dual Rear Camera စနစ်ကိုပါတပ်ဆင်ပေးထားပါတယ်။

အရောင်အသွေးပိုင်းကိုကြည့်မယ်ဆိုရင် ပုံမှန်တစ်ရောင်တည်းကိုရွေးချယ်အသုံးပြုခြင်းထက် ခေတ်ဆန်ဖက်ရှင်ကျလှ ပစေမယ့် Gradient Color အရောင်ပြေးဒီဇိုင်းကိုပါ ရွေးချယ်နိုင်ဦးမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

မြန်မာနိုင်ငံကို တင်သွင်းရောင်းချပေးမယ့် OPPO F9 ရဲ့အသေးစိတ်အချက်အလက်တွေကို OPPO Myanmar မှ မကြာမီဆက်လက်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က