မာတင်ကီအွန်ရဲ့ ပြစ်တင်မှုကို ခံခဲ့ရတာပါ။

ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာ ရှာခါက အသင်းပရိသတ်တွေကို မထီမဲ့မမြင်ပုံစံပြုလုပ်ခဲ့ပြီး အိမ်ကွင်းပရိသတ်တွေကိုလည်း ဆဲဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။


အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်းမာတင်ကီအွန်က အသင်းပရိသတ်တွေနဲ့ ပြသနာဖြစ်ပွားခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ရှာခါရဲ့ ပြသနာမှာ နည်းပြအမ်မရီရဲ့ တာဝန်မကင်းဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာ ရှာခါက အသင်းပရိသတ်တွေကို မထီမဲ့မမြင်ပုံစံပြုလုပ်ခဲ့ပြီး အိမ်ကွင်းပရိသတ်တွေကိုလည်း ဆဲဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ရှာခါကို အာဆင်နယ်ပရိသတ်တွေက "boo" လို့ ဝိုင်းဝန်းအော်ဟစ်လှောင်ပြောင်ခဲ့ကြခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူစားလဲလှယ်ခံခဲ့ရတဲ့ ရှာခါက ကွင်းအတွင်းကအထွက်မှာ ပရိသတ်တွေကို ဆက်အော်ဆိုတဲ့ အမူအရာကို ပြသခဲ့ပြီး နားအနားမှာလည်းလက်ဝါးကာကာ နားစွင့်ဟန်ပြုလုပ်ခဲ့ပြီး F** of လို့ ဆဲရေးခဲ့ပြီး အသင်းဂျာစီကိုချွတ်ကာ ဥမင်အတွင်းဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။



"ရှာခါအတွက် တနင်္ဂနွေနေ့အဖြစ်အပျက်က ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး၊ စက်တင်ဘာ ၂၂ရက်နေ့က ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာလည်း အလားတူဖြစ်ပျက်ခဲ့တာပါ၊ အာဆင်နယ်က တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်၊ အဲဒီနောက် ငါးရက်အကြာမှာ အမ်မရီက သူ့ကို အသင်းခေါင်းဆောင်ခန့်ခဲ့ပြန်ပါတယ်"

"ဒီလိုဖြစ်ပြီးခဲ့တာတောင်မှ အသင်းခေါင်းဆောင်ပြန်ခန့်ခဲ့တဲ့နည်းပြမျိုးကို ကျွန်တော်တစ်ခါမှမမြင်ဖူးပါဘူး၊ ကျွန်တော့်အတွက်တော့ အော်ဘာမီယန်က အသင်းခေါင်းဆောင်ဖြစ်ထိုက်တယ်လို့ ယူဆမိပါတယ်" လို့ မာတင်ကီအွန်က Daily Mail ကို ပြောဆိုခဲ့ပါတယ်။ အမ်မရီကတော့ ပွဲအပြီးမှာ ရှာခါမှားယွင်းတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း လက်ရှိမှာ သူ့ရဲ့စီမံခန့်ခွဲမှုအတွက် အပြစ်တင်ခံနေရပြီလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က