ကိုယ်စားလှယ်မဟုတ်ဘဲ ငွေလွှဲငွေထုတ်လုပ်နေသူတွေကိုတော့wave အနေနဲ့အရေးယူလို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။

Wave money က ငွေပိုကောက်ခဲ့တဲ့ သူ ၈၁၂ ဦးကို wave ကိုယ်စားလှယ်အဖြစ်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။



ဒါ့အပြင် ငွေပိုမိုကောက်ခံလို့ မှတ်တမ်းတင်ထားပြီး သတိပေးထားတဲ့ ကိုယ်စားလှယ် နဲ့ ကိုယ်စားလှယ်အဖြစ် ယာယီရပ်ဆိုင်းထားသူ အပါအဝင် ၉၀၀၀ ကျော်လည်းရှိတယ်လို့သိရပါတယ်။

ဒါဟာ wave ကိုယ်စားလှယ်တွေကိုသာ အရေးယူထားတဲ့အခြေအနေဖြစ်ပြီး ကိုယ်စားလှယ်မဟုတ်ဘဲ ငွေလွှဲငွေထုတ်လုပ်နေသူတွေကိုတော့wave အနေနဲ့အရေးယူလို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။

" တိုင်ချင်တယ်ဆိုရင် ငွေထုတ်တဲ့နံပါတ်နဲ့ ထုတ်ခဲ့တဲ့ဆိုင်လိပ်စာအပြည့်အစုံ ပြောပြပြီး တိုင်လို့ရပါတယ်။ ဒါကိုမှ အပေါ်ကိုပြန်တင်ပြပေးမှာပါ။ ကိုယ်စားလှယ် ကိုပဲအရေးယူလိုရတာပါ။ ကိုယ်ပိုင်အကောင့်ဖွင့်ပြီး လုပ်နေတာကိုတော့ အရေးယူလို့မရပါဘူး " လို့ wave call center က တာဝန်ကျဝန်ထမ်းတဦးက ပြောပါတယ်။

ကိုယ်စားလှယ်တွေကို အခုလို အရေးယူမှတွေမပြုလုပ်ခင် ကိုယ်စားလှယ်တချို့က အသုံးပြုသူဖောက်သည်တွေဆီကနေ ထပ်ဆောင်းဝန်ဆောင်မှုကောက်ခံနေကြောင်း ဗဟိုဘဏ်ကနေ wave money ဘက်ကို သတိပေးအကြောင်းကြားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ wave ကိုယ်စားလှယ်တွေထဲက သတ်မှတ်စည်းကမ်းမလိုက်နာသူတွေကို သတိပေးမှတ်တမ်းတင်ခြင်းခြင်း၊ ပြင်းထန်စွာသတိ‌ပေးမှတ်တမ်းတင်ခြင်း၊ကိုယ်စားလှယ်အဖြစ်မှခေတ္တဆိုင်းငံ့ခြင်း၊ကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲခြင်း စတဲ့အဆင့်လေးဆင့်နဲ့ အရေးယူဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

" wave ကဖုန်းဆက်တယ် ရာခိုင်နူန်းပိုမကောက်ဖို့ ပြောတယ်။အစ်မတို့ကတော့ အကျိုးအကြောင်းတော့ပြောလိုက်တယ်။ ပိတ်ချင်ရင်ပိတ်၊ account ထဲက ငွေတော့ ပြန်ထုတ်ပေးလို့ပြောလိုက်တယ်။ အခုသူတို့က ငွေကျထုတ်မပေးဘူး " လို့ wave ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

Wave money ကုမ္ပဏီအနေနဲ့ကတော့ ကိုယ်စားလှယ်တွေ ငွေထုတ်ဖို့အတွက် သက်ဆိုင်ရာနယ်မြေတာဝန်ခံချိတ်ဆက်ပေးထားကြောင်း၊ တာဝန်ဆီမှာငွေထုတ်ယူနိုင်တယ်လို့ wave ဘက်က သိရပါတယ်။

Wave money မှ တရားဝင်ကောက်ခံတဲ့ နှုန်းထားက ငါးသောင်းကနေ တစ်သိန်းအတွင်းကို လွှဲခ ၁၅၀၀ ဆိုပေမဲ့ လက်ရှိမှာတော့ wave money ကနေ ငွေသားထုတ်ယူမယ်ဆိုပါက ငွေတစ်သိန်းကို ၇၀၀၀ ကျပ် ပေးပြီး ငွေထုတ်ယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က