• We Love တွေကြောင့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ပျော်ရွှင်ခဲ့ရတဲ့ မို့မို့မြင့်အောင်

ဖေဖော်ဝါရီလ ၁၇ ရက်နေေ့မှာ ၃၂ နှစ်ပြည့်ခဲ့ပါပြီ။

အကယ်ဒမီမို့မို့မြင့်အောင် ကတော့ မိခင်နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်နေရတာကြောင့် အမှတ်တရ နေ့လေးကို မအားမလပ်တဲ့ကြားက We Love လေးတွေကြောင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

image

သရုပ်ဆောင် အကယ်ဒမီ မို့မု့ိမြင့်အောင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အိမ်ထောင်သက်တမ်း ၃၂ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အနုပညာရှင်အသစ်လေးတွေအတွက် သရုပ်ဆောင်အတတ်ပညာတွေ သင်ပေးဖြစ်နေတာကြောင့် အမှတ်တရနေ့လေးကို ထွေထွေထူးထူး မဖြတ်သန်းပေမယ့် We Love လေးတွေကြောင့် ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။

‘’ဒီနေ့သင်တန်းနောက်ဆုံးနေ့အပြီး မို့အမေဆီလည်းပြေးတွေ့ရသေးတယ်။ မောမောနဲ့အိမ်အပြန် ဧည့်ခန်းအဝမှာ ပန်းပွားတွေ ရှူးရှဲအသံတွေရုတ်တရက် Surprise ဖြစ်သွားတယ်။ we we ကြီးကတစ်ယောက် we we လေးသုံးေ ယာက် ဘိတ်ကပ်ကြေးကိုက်တွေရော၊ ငါးဖယ်သုပ်တွေ ငပိကြော်တွေရော အိမ်မှာကြော်ထားကြပြီးပန်းဘူးတွေ ကိတ်တွေရောစုံနေတာဘဲ ဘောလုံးအလှတွေ၊ စာတန်းအလှတွေပါချိပ်လိုက်သေး။ ကိတ်တွေခွဲကြ၊ ဓါတ်ပုံတွေရိုက်ကြနဲ့ အမောတွေဘယ်ပျောက်သွားမှန်းတောင် မသိတော့ဘူး’’လို့ သူက ဆိုပါတယ်။

အဲဒီနောက် အိမ်ထောင်သက်တမ်း ၃၂ နှစ်ပြည့် အမှတ်တရလေးအတွက် ပရိသတ်တွေကလည်း ဖေ့စ်ဘွတ်ပေါ် ကနေတဆင့် ဂုဏ်ပြုစကားလေးတွေ ပြောပြထားတာကို တွေ့ရပါတယ်။ ဒီအတွက် မို့မို့မြင့်အောင် ကလည်း ကျေးဇူးတင်စကားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် စောစော ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

‘’ဒီနေ့ မို့တို့ဇနီးမောင်နှံရဲ့32 နှစ်မြောက်anniversary လေ။ On line ဆုတောင်းပေးတဲ့ we we လေးတွေလည်း ကျေးဇူးတင်ပါတယ်။ အိမ်တိုင်ယာရောက်လာပြီး ပျော်အောင်ဖန်တီးပေးတဲ့ ကိုကျော်စွာမြင့်မို၊ မေသူထွန်း sandy သိမ့်ပိုပိုအောင်တို့ကို ကျေးဇူးတင်ပါတယ်။ အားလုံးအလွမ်းပြေ အမောပြေနိုင်ကြပါစေ။ နောက် နေ့ တင်စရာပုံတွေ အကြောင်းအရာတွေရှိပါတယ်။ တင်ပေးမယ်နော်’’လို့ ဆိုပါတယ်။

မို့မို့မြင့်အောင်ဟာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရ၊ ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရ၊ အနုပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း ပို့ချပေးနေရတာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေခဲ့မိတယ်လို့ ဆိုပါတယ်။

‘’ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့် we love mmma ချစ်ရသူတို့ရှင့် လွမ်းနေ မျှော်နေကြရောပေါ့နော်။ အိမ်မှာကလေး၂ယောက်သင်တန်း တစ်ယောက်က မွန်းမံပါ။ နောက် မို့ အမေနေမကောင်း အစားကောင်းကောင်းမစားလို့ဆေးရုံ၂ရက်တက်လိုက်ရသေးတယ်။ ခုတော့သက်သာသွားပါပြီ။ ပြီးတော့ MRTV-4 ကလေး၁၀ယောက်မွန်းမံသင်တန်း ၂ပတ်ပေးတယ်။ မို့ တစ်န့တစ်နေ့ပင်ပန်းလွန်းလို့ အားလုံးနဲ့အဆက်အသွယ်ပြတ်သွားတာခွင့်လွှတ်ကြပါနော်’’ လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

မို့မို့မြင့်အောင်ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က