• ထွင်းဖောက်မြင်ဒီဇိုင်းနဲ့ OLED TV သစ်တစ်မျိုး Xiaomi ကြေညာ

ဈေးအသက်သာဆုံး transparent TV လို့ ဆိုပါတယ်

အကြည်သား ဖောက်ထွင်းမြင်နိုင်မယ့် Transparent OLED panel သုံးထားတဲ့ ထူးထူးခြားခြား စမတ်တီဗွီတစ်မျိုးကို Xiaomi ရဲ့ ၁၀ နှစ်ပြည့် အထူးမိတ်ဆက်ပွဲမှာ ကြေညာသွားပါတယ်။

Xiaomi Mi LUX OLED Transparent Edition ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Mass Production အနေနဲ့ ထုတ်လုပ်လိုက်တဲ့ ထွင်းဖောက်မြင် OLED တီဗွီဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာပြင် ၅၅ လက်မရှိတဲ့ ဒီတီဗွီဟာ ပိတ်ထားချိန်မှာ မှန်အကြည်တစ်ချပ်လိုနောက်ခံမြင်ကွင်းကို ဖော်ပြပေးနိုင်ပြီး တီဗွီဖွင့်ထားချိန်မှာ ပုံရိပ်တွေဟာ လွင့်မျောနေသယောင် ထင်ရမှာပါ။




သိပ္ပံစိတ်ကူးယဉ်ကားတွေထဲက ထုတ်ကုန်နဲ့ ဆင်တဲ့ ဒီတီဗွီဟာ 120Hz refresh rate ပါရှိပြီး response time အနေနဲ့ 1ms ပဲ ကြာမယ်လို့ ဆိုပါတယ်။ အထူ ၅.၇ မီလီမီတာပဲ ရှိပြီး အရင် LUX series တွေအတိုင်း LG Display ထုတ် panel ကို သုံးထားဖွယ် ရှိပါတယ်။ LG ဟာလည်း အလားတူ Transparent OLED Signage 55EWSF-A တီဗွီကို မိတ်ဆက်ထားပါတယ်။

Xiaomi Mi LUX OLED Transparent Edition ဟာ optimization algo ပေါင်း ၂၀ ကျော် ပါဝင်တဲ့ Xiaomi ရဲ့ AI Master Smart Engine ပုံဖော်စနစ်နဲ့အတူ MediaTek 9650 custom chipset ပါရှိပါတယ်။ ဖွင့်ထားတဲ့ ရုပ်သံအမျိုးအစားကို လိုက်ပြီး audio mode ရွေးချယ်နိုင်မယ့် AI Master for Audio လုပ်ဆောင်ချက်လည်း ပါဝင်သလို Dolby Atmos လည်း ပံ့ပိုးထားပါတယ်။

Photo: The Verge


Xiaomi ဟာ TV အတွက် ကိုယ်တိုင်ပြန်ဒီဇိုင်းထုတ်ထားတဲ့ MIUI ဗားရှင်း သုံးထားပြီး TV မသုံးချိန်မှာ စာနဲ့ ပုံတွေကို ဖော်ပြနိုင်မယ့် Always-On Display Mode လည်း ပါရှိပါတယ်။ Mi LUX OLED Transparent Edition ဟာ ဈေးအသက်သာဆုံး Transparent TV လို့ ပြောနိုင်ပါတယ်။ 

LG Transparent OLED Signage 55EW5F-A ကို ဒေါ်လာ ၂၅၅၂၀ (မြန်မာငွေ သိန်း ၃၅၀ကျော်) ဈေးနဲ့ ရောင်းချခဲ့ပါတယ်။ Mi LUX OLED Transparent Edition ကိုတော့ တရုတ်ဈေးကွက်မှာ ယွမ် ၅၀၀၀၀ (မြန်မာငွေ ၉၈ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က