ခွဲစိတ်ခဲ့တဲ့ အကြောင်းအရင်းကိုလည်း အခုလို ပြောပြလာပါတယ်။

ဇေရဲထက်ကတော့ ဘန်ကောက်မှာရှိတဲ့ နာမည်ကျော် ဆေးခန်းတစ်ခုမှာ နှာခေါင်းခွဲစိတ်မှု လုပ်ခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Zay Ye Htet



သရုပ်ဆောင် ဇေရဲထက်ကတော့ သူ့ရဲ့ နှာခေါင်းကို ဘန်ကောက်မှာရှိတဲ့ meko clinic မှာ ခွဲစိတ်ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။ ဒီခွဲစိတ်မှုမှာတော့ မြန်မာငွေကျပ် သိန်း ၃၀၀ ကျော် ကုန်ကျခဲ့တဲ့အကြောင်း ဇေရဲထက်က ပြောပါတယ်။ 

"let me in မှာ အရမ်းနာမည်ကြီးနေလို့ နှာခေါင်းပြန်ခွဲတာ ဘတ်(637000) မြန်မာငွေနဲ့ဆိုရင်တော့ သိန်း သိန်း(၃၀၀) ကျော်ပေါ့။ ကျွန်တော် ကျေနပ်ပျော်ရွှင်တယ်လေ ကိုယ်ဒီလိုနာမည်ကြီး meko clinicမှာ ဘာလို့လုပ်ရလည်းသိလား တော်ရုံ သူဌေးတောင်မလုပ်နိုင်ဘူး။ (ချေတာမဟုတ်ဘူးနော် တချို့လူတွေ က ကိုရီးယားပဲဈေးကြီးတယ်ထင်လို့)သွားနိုင်ပါတယ် ကိုရီးယားတောင်အာ့လောက်မပေးရဘူး။ တစ်ခုရှိတာက ပိုက်ဆံရှိတိုင်းလည်းခွဲလို့မရဘူးနော်။ ဒီဆေးရုံက ကူးဆက်ရောဂါေ တွ ယုတ်ဆွအဆုံး အဆုတ် နှလုံးတစ်ခုခုဖြစ်ရင်တောင်လုံးဝလက်မခံတဲ့ Top 1 ဆေးရုံ အရေးကြီးတာက တစ်ခုခုဆို နီးတယ်လေ။ အရေးနဲ့အကြောင်းနဲ့ဆို အာ့ကြောင့်လည်းပါ တယ်။ (အရင်နှာခေါင်း ပြင်ထားတာလည်း ကြိုက်ပါတယ် ဒါပေမယ့်ဆေးရုံကိုစိတ်ဝင်စားလို့)ကိုယ်ကြိုက်တာလုပ်ရင်ကျေနပ်တယ်" လို့ သူကဆိုပါတယ်။

Photo: Zay Ye Htet

ဇေရဲထက်ဟာ အရင်တုန်းကလည်း မျက်နှာကို V Shape ထိုးခဲ့ပါသေးတယ်။ သူဟာ အသားအရေလှပမှုကို အင်မတန် ဂရုစိုက်တဲ့သူတစ်ယောက်ပါ။ လက်ရှိ နှာခေါင်းခွဲစိတ်ထားတဲ့ ဒဏ်ရာကလည်း သက်သာနေပြီလို့ သိရပါတယ်။ သူဟာ အနုပညာကြေးက ရတဲ့ ပိုက်ဆံတွေကို အလှူအတန်းတွေလည်း လုပ်လေ့ရှိသလို ကိုယ်ပိုင်လိုအပ်တာတွေ ဖြည့်ဆည်းဖို့အတွက်လည်း အသုံးပြုတတ်တယ်လို့ မတ်လ ၉ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Zay Ye Htet

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင် မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကား၊တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်။ အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က