• Featured

    ဝေလငါးတကောင်ရဲ့ဟန်ပန်လိုမျိုးနဲ့ ခေါင်းတိုက်ဂိုးသွင်းယူခဲ့တဲ့ လူးကပ်စ်မော်ရာ

ဝေလငါးနဲ့ ဆင်တူနေခဲ့တာဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ စပါး-ပဲလေ့စ်ပွဲမှာ အိမ်ရှင်စပါးက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး လူးကပ်စ်မော်ရာက ခြေစွမ်းပြသွားခဲ့ပတယ်။ အသင်းရရှိခဲ့တဲ့ ၃ ဂိုးမှာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးပေးခဲ့ပြီး ကွန်တီလက်အောက်မှာ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို မော်ရာက ရရှိနေပြီး အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေပြီလည်းဖြစ်ပါတယ်။ 

image

အဆိုပါပွဲစဉ်ရဲ့ နှစ်ဖက်ကစားသမားတွေထဲမှာ မော်ရာက အသေးကွေးဆုံးကစားသမားဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် သူက ခြေစွမ်းအပြနိုင်ဆုံးဖြစ်ခဲ့ပြီး သူ့ရဲ့ခေါင်းတိုက်သွင်းဂိုးချက်ကလည်း ဝေလငါးတကောင်ရဲ့ ဟန်ပန်နဲ့တူညီနေခဲ့တာကို အံ့အားသင့်ဖွယ်ရာမြင်တွေ့ခဲ့ရပြီး ESPN သတင်းဌာနက နှိုင်းယှဉ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

image

ပဲလေ့စ်နောက်ခံလူနဲ့အပြိုင်ခေါင်းခုန်တိုက်ခဲ့ရာမှာ​ ဝေလငါးတကောင်ရဲ့ ဟန်ပန်အတိုင်း တူညီနေတာကလည်း အမှန်တကယ်ဖြစ်ခဲ့ပါတယ်။ မော်ရာအတွက်လည်း ဒီရာသီ ဒုတိယမြောက်ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ပြီး အဆိုပါနှစ်ဂိုးစလုံးက ကွန်တီရဲ့လက်အောက်မှာ ရရှိခဲ့တာကလည်း ထူးခြားချက်ဖြစ်ခဲ့ပြီး နူနိုဆန်းတို့စ်လက်အောက်မှာ ရုန်းကန်ရမှုတွေကနေ လွတ်မြောက်ခဲ့ပြီလို့ ယူဆရပါတယ်။ 

စပါးကတော့ ထိပ်ဆုံးလေးသင်းထက် ၃ ပွဲလျော့ကစားထားပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၅ နေရာရပ်တည်နေတာဖြစ်ပါတယ်။ တကယ်လို့ လက်ကျန်ပွဲအားလုံးကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အဆင့်လေးနေရာက အာဆင်နယ်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နေရာတနေရာအတွက် စိန်ခေါ်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က