တချို့နေရာတွေမှာလည်း နေရာပေးတယ်၊ ဖိတ်ခေါ်တယ်၊ ပူးပေါင်းပါဝင်စေချင်တယ်။

အနုပညာအလုပ်နဲ့ပတ်သက်ပြီး အရေးပါတဲ့နေရာတွေမှာ လူငယ်တွေကို နေရာပေးထားပေမယ့် ဝိုင်းဝန်းပူးပေါင်းမှုအားနည်းနေတယ်လို့ ခန့်စည်သူက ပြောပါတယ်။ အကယ်ဒမီဇာတ်ကားတွေ ကြည့်တဲ့အခါမှာလည်း လူငယ်တွေရဲ့ အကြံပြုချက်တွေက အရေးပါတယ်လို့ ဆိုပါတယ်။ 

Photo: Khant Si Thu



သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူကတော့ ရုပ်ရှင်လောကအတွက် တက်သစ်စလူငယ်တွေကို နေရာပေးနိုင်ဖို့ ရွှေကြိုပြိုင်ပွဲတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူငယ်တွေရဲ့ ကြိုးစားမှုတွေကိုလည်း ပရိသတ်က အသိအမှတ်ပြုပေးသင့်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ရွှေကြိုလုပ်ခြင်းအားဖြင့် လူငယ်တွေကို နေရာပေးနိုင်ဖို့အတွက် အဓိက ရည်ရွယ်ချက်ပါပဲ။ ပရိသတ်တွေက သူတို့ချစ်ခင်ပြီးသား၊ နှစ်သက်ပြီးသား၊ အားပေးပြီးသား သရုပ်ဆောင်တွေရှိတယ်။ ဒါကြောင့် လူငယ်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုလည်း အားပေးစေချင်တယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ရုံထဲအရောက်အားပေးကြပါ။ လူငယ်တွေက အခုဆိုရင် အရမ်းကြိုးစားအားထုတ်နေကြပါတယ်။ ဒါကြောင့် မင်းသားအသစ်၊ ဒါရိုက်တာအသစ်၊သရုပ်ဆောင်အသစ်၊ ဇာတ်ညွှန်းရေးဆရာအသစ် လေးတွေရဲ့ ဖန်တီးမှုကိုလည်း အားပေးကြပါလို့ တိုက်တွန်းပါရစေ” လို့ ဆိုပါတယ်။ 

Photo: Khant Si Thu

အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေကို ကြည့်ရှုတဲ့အခါမှာလည်း နှစ်စဉ်နှစ်တိုင်း လူငယ်တွေကို နေရာပေးခဲ့တယ်လို့ ခန့်စည်သူက ပြောပါတယ်။ ဒါပေမယ့် လာရောက်ပူးပေါင်းတာမျိုးတွေ မရှိကြဘူးလို့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေကြိုရွေးချယ်ရေးအတွက် စာနယ်ဇင်း အသိပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ အကယ်ဒမီဇာတ်ကားတွေကြည့်ဖို့ မနှစ်ကလည်း လူငယ်တွေကို ဖိတ်ခေါ်ပါတယ်။ ဒီနှစ်လည်း လူငယ်တွေကို ဖိတ်ခေါ်တယ်။ ဇာတ်ကားလာကြည့်ကြပါ။ ၃ လတိတိ မနက်တစ်ကား၊ ညတစ်ကား ကြည့်ရမယ် လာကြည့်ကြပါ။ အပြင်ကနေ အော်မနေနဲ့။ လူငယ်တွေကို နေရာပေးပါတယ် မလာကြဘူးလေ။ အကြံဉာဏ်လာပေးပါ လက်ခံပါတယ်။ လူလတ်ပိုင်းတွေလည်း လာကြည့်ကြတယ်။ ပရိသတ်တွေရဲ့ အသံကိုလည်း သူတို့တွေ နားထောင်ကြပါတယ်” လို့ သူကပြောပါတယ်။ 

Photo: Khant Si Thu

လက်ရှိမှာတော့ အနုပညာအလုပ်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပရိသတ်အားပေးဖို့အတွက်ကတော့ တော်တော် ကြိုးစားရပါမယ်တဲ့။ ခန့်စည်သူ ကိုယ်တိုင်ကလည်း သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြလာပါတယ်။ 

“ကျွန်တော်တို့ တုန်းက သရုပ်ဆောင်ဖြစ်ချင်တယ်ဆိုရင် ဗီဒီယိုတွေမှာ သရုပ်ဆောင်ရတယ်။ အဲဒီတုန်းကတော့ ကိုရန်အောင်တို့၊ ဦးကျော်ဟိန်းတို့နဲ့ တွဲပြီးတော့ ဇာတ်ကားတွေရိုက်တယ်။ အဲဒီကနေမှ ကိုယ့်အနေအထားကို သဘောကျတယ်ဆိုရင် ပရိသတ်က နေရာလေးပေးတယ်။ အဲဒီကနေမှ ဗီဒီယို ဇာတ်ကားတွေမှာ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတယ်။ ပြီးတော့မှ ရုပ်ရှင်ဘက်ကို ကူးလာရတာပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Khant Si Thu

ခန့်စည်သူရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၃၀) ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာတို့ကို စီနီယာအနုပညာရှင်ကြီးတွေနဲ့ အတူတူ ရိုက်ကူးထားသူတစ်ယောက်ပါ။ အဲဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရသူဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’မေတ္တာသိင်္ဂဟ’’ အသင်းကြီးကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က