အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါးရတ်ဆောက်ဂိတ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ကြံ့ခိုင်မှုကို လာမယ့်အပတ် ပထမဆုံးယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်မီမှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်စနေနေ့မှာ စပိန်အသင်းနဲ့ ဝင်ဘလေကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Photos: Mirror
အင်္ဂလန်လက်ရွေးစင်ကစားသမားတွေဟာ နေးရှင်းလိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် လာမယ့်တင်္နလာနေ့ညမှာ နောက်ဆုံးထားပြီး သတင်းပေးပို့ရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာ ၉ ရက်နေ့မှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် စပိန်အသင်းကို တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၁၂ ရက်နေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
Golden Boy 2018 ဆုအတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်ကြေညာ
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပိန်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားဖို့ သေချာသလောက်ရှိနေပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဟယ်ရီကိန်းရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး သတိထားစေချင်တာကြောင့် ၂ ပွဲစလုံး အသုံးပြုသွားဖို့မရှိဘဲ အလှည့်ကျနစ်ကို အသုံးပြုသွားဖွယ်ရှိနေပါတယ်။
Photos: Mirror
ယခုနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ဟယ်ရီကိန်းဟာ ကာလရှည်ဂိုးပေါက်ပျောက်ဆုံးနေမှုကို သြဂုတ်လမှာ ချိုးဖျက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့က ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အံံအားသင့်ဖွယ် ရုန်းကန်ခဲ့ရပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကတော့ ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းနဲ့အတူ ပူးပေါင်းဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောကြားထားပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပြီးနောက် စပါးအသင်းရဲ့ရာသီအဖွင့်ပွဲစဉ်ကို ကစားပေးခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဟယ်ရီကိန်းရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဂရုတစိုက်စီမံခန့်ခွဲရမှာဖြစ်ပြီး အချို့အချိန်တွေမှာ ဟယ်ရီကိန်းကို အနားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။