• ၃နှစ်အတွင်း တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အားပြည့်ပြည့်၀၀ ရဖို့ရည်မှန်းထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မကွေးမှာပြောခဲ့တာပါ။
၃ နှစ်တာကာလအတွင်းမှာ မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်ဓါတ်အား ပြည့်ပြည့်၀၀ပေးနိုင်ဖို့လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။
image

မကွေးတိုင်းကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီကနေ့ မေလ ၉ ရက်နေ့မှာ မကွေးတိုင်းကပြည်သူတွေနဲ့မကွေးမြို့မှာတွေ့ဆုံစဉ်မှာပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီနှစ်ကုန်မှာ မြန်မာတစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်းနှုန်းရရှိနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပြီး နောက် ၂ နှစ် ၃ နှစ်အတွင်းမှာတော့ လျှပ်စစ်ဓါတ်အားပြည့်ပြည့်၀၀ ရရှိနိုင်အောင်ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
image

Photo -Myanmar State Counsellor Office

မကွေးတိုင်းဒေသကြီးကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းက ရွှေစက်တော် ဘုရားနဲ့ မကွေးမြို့က မြသလွန်စေတီတော်ကိုသွားရောက်ဖူးမျှော်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်ညနေပိုင်းမှာတော့ မကွေးမြို့က ခန်းမမှာ ဒေသခံပြည်သူတွေနဲ့ တွှေဆုံပြီး ပြည်သူတွေရဲ့အခက်အခဲတွေကိုနားထောင်ပြီး ပြန်လည်ဖြေရှင်းမှုတွေနဲ့ ရှေ့ဆက်လုပ်မယ့် ကိစ္စတွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က