ကမ္ဘာကြီးမှာ လက်ရှိအပူချိန်ထက် ၂ ဒီဂရီခန့် ထပ်တိုးပြီး ပူလာပါက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှ မြို့နယ်တော်တော်များများ ရေအောက်ကို နှစ်မြုပ်သွားနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာရေးအဖွဲ့ဖြစ်တဲ့ Climate Central က စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
Photo - beforetheflood.com
သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦးကလည်း ကမ္ဘာ့ကြီး လက်ရှိအပူချိန် ၂ ဒီဂရီ ၊ ၄ ဒီဂရီ တိုး၍ပူလာပါက ရန်ကုန်ရဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှာဖြစ်ပြီး မြို့နယ်တော်တော်များများ ရေအောက်ကို ရောက်သွားနိုင်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးအပူချိန်ကို လက်ရှိထက် ၂ ဒီဂရီ ပိုမတိုးလာစေရန် ထိန်းသိမ်းမည်ဟု ရည်ရွယ်ထားပေမယ့် သိပ္ပံပညာရှင်အများစုကတော့၂၀၅၀ ပြည့်နှစ်ရောက်ရှိချိန်မှာ ကမ္ဘာကြီးဟာ လက်ရှိအပူချိန်ရဲ့ ၂ ဒီဂရီထက်ကျော်လွန်မြင့်တက်ပြီး ပူနွေးလာမယ်လို့ လက်ခံထားကြပါတယ်။
Photo - choices.climatecentral.org (အပူချိန် ၂ ဒီဂရီတိုးလာပါက ဖြစ်ပေါ်လာမည့်ပုံ)
နှစ်ပေါင်း ၁၀၀ လောက်အတွင်းမှာ အပူချိန် ၄ ဒီဂရီတိုးကာ ပူနွေးလာပြီး ၄ ဒီဂရီထိ တိုးကာ ပူနွေးလာမည်ဟုပင် သိပ္ပံပညာရှင်အတော်များများက ခန့်မှန်းကြတာကြောင့် ရာသီဥတုု ပြောင်းလဲမှုကိုု တန်ပြန်နိုုင်ရန် ဆောင်ရွက်ခြင်းနဲ့ ကမ္ဘာတစ်ဝှမ်း သဘာဝပတ်ဝန်းကျင်ကိုု ပြုပြင်ထိန်းသိမ်းခြင်း အတွက် ပြုလုုပ်နေတဲ့ နိုုင်ငံတကာလုုပ်ငန်းစဉ်တွေမှာ မြန်မာနိုုင်ငံဟာရှေ့တန်းက ပါဝင်ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
Photo - choices.climatecentral.org (အပူချိန် ၄ ဒီဂရီတိုးလာပါက ဖြစ်ပေါ်လာမည့်ပုံ)
မြန်မာအစိုးရနဲ့ ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာလည်း ၂၀၈၀ ခုနှစ်ကိုရောက်တဲ့အခါ ပင်လယ်ရေမျက်နှာပြင်ဟာ ၄၀ စင်တီမီတာကနေ ၈၀ စင်တီမိတာအထိ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။