• နှစ်လုံးတွဲ pop-up ဆယ်လ်ဖီကင်မရာသုံးမယ့်ဖုန်း MWC ပွဲမှာ မိတ်ဆက်မည်

standby မှာ ရက် ၅၀ အားသွင်းစရာမလိုတဲ့ ဖုန်းပါ

သီချင်းပဲ မနားတမ်းဖွင့်မယ်ဆိုရင်တောင် ၄ ရက်အထိ အားခံတဲ့ ဘက်ထရီကို Energizer ကနေ ပွဲထုတ်ကြေညာသွားတော့မှာပါ။

         ပြင်သစ်ကုမ္ပဏီ Avenir Telecom ရဲ့ brand တစ်ခု ဖြစ်တဲ့ Energizer ကနေ Power Max P18K Pop နာမည်နဲ့ဖုန်းသစ်ကို MWC 2019 ပွဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး နာမည်ပေးထားတဲ့အတိုင်း ဘက်ထရီပါဝါအကြီးစားကို သုံးသွားမယ့် ဖုန်းလည်း ဖြစ်ပါတယ်။    

image

Photo: El Androide Libre

         ရိုးရိုးစမတ်ဖုန်းဘက်ထရီထက် ၆ ဆနီးပါး ပိုကြီးတဲ့ 18000 mAh ဘက်ထရီသုံးတဲ့ စမတ်ဖုန်းတစ်လုံးကို ပြပါဆိုရင် Power Max P18K Pop ကို ပြောရမှာပါ။ 18K ဆိုတာကတော့ 18000 mAh ဘက်ထရီကို ရည်ညွှန်းတာပါ။ ဒီဘက်ထရီဟာ standby အဖြစ် မသုံးဘဲ ဒီအတိုင်း ထားမယ်ဆိုရင် ရက်ပေါင်း ၅၀ အထိ အားခံပြီး ဇာတ်ကားတွေကိုတော့ ၂ ရက်ကြာအောင် ကြည့်နိုင်တဲ့ ဘက်ထရီပါဝါတစ်မျိုး ဖြစ်ပါတယ်။

         ဒီဖုန်းရဲ့ ထူးခြားချက်က ပါဝါ bank တစ်ခုလို သုံးနိုင်တာကြောင့် တစ်ခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်တာပါ။ USB power Delivery 2.0 ပါဝင်တဲ့ 18W Quick Charging ပံ့ပိုးမှုနဲ့ကြောင့် 18000 mAh ဘက်ထရီပါဝါကို အားပြည့်အောင်သွင်းဖို့အချိန်အလွန်ကြီး ကြာမှာ မဟုတ်ပါဘူ။ ဒီဖုန်းရဲ့ နာမည်မှာ ပါတဲ့ pop ကတော့ Pop-up လို့ခေါ်တဲ့ ကင်မရာဖွင့်မှ ကိုယ်ထည်အိမ်ထဲကနေ ပေါ်ထွက်လာမယ့် ဆယ်လ်ဖီကင်မရာစနစ်ကို ပြောတာပါ။

Photo: medium

         Energizer Power Max P18K Pop ဟာ 16MP+2MP dual selfie ကင်မရာတွေ သုံးထားပြီး ဒီကင်မရာတွေကတော့ Vivo Nex စတိုင် pop-up ကင်မရာမျိုး ဖြစ်ပါတယ်။ ကျောဘက်မှာ triple lens တွေ ဖြစ်တဲ့ 12MP+5MP+2MP ကင်မရာတွေ သုံးထားလို့စုစုပေါင်း ကင်မရာ ၅ လုံး ပါဝင်မှာပါ။ ဒီကင်မရာတွေရဲ့ စွမ်းဆောင်ရည်အကြောင်းကို တရားဝင်မိတ်ဆက်ချိန်မှာ ကြားရဦးမှာပါ။

         မျက်နှာပြင် ၆.၂ လက်မရှိတဲ့ ဒီဖုန်းဟာ Android 9 Pie စနစ်နဲ့လာပြီး MediaTek Helio P70 SoC ၊ RAM 6GB/128GB storage အပြင် microSD ကဒ်ကနေ နောက်ထပ် သိုလှောင်မှုပမာဏကို မြှင့်နိုင်မယ်လို့ဆိုပါတယ်။ ဈေးနှုန်းအကြောင်းနဲ့ဈေးကွက်ထဲ ဖြန့်ချိမယ့်အချိန်ကိုလည်း MWC ပွဲမှာကပဲ ကြေညာသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က