သားမက်လောင်းကို ဘယ်လို ချစ်မှာလဲ။

ဝတ်မှုန်ရွှေရည်ရဲ့ မိခင်ကတော့ သူ့ရဲ့ သမီး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဖွင့်ပြောလာပါပြီ။ သမီးအကြီးဆုံး ဖြစ်တာကြောင့်လည်း ထီးလို အားကိုးရတယ်လို့ ပြောပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ အကြောင်းအမျိုးမျိုးကြောင့် မင်းသမီးဖြစ် လာတာလို့လည်း ဒေါ်မီမီ လွင်က ပြောပါတယ်။


 

မကြာခင်က အသက်၃၀ ပြည့်ခဲ့ပြီးဖြစ်တဲ့ အကယ်ဒမီဝတ်မှုန်ရွှေရည်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်မီမီလွင်ကတော့ မီဒီယာတွေကနေတဆင့်ပြောပြလာပါပြီ။ သမီးဖြစ်သူက ချစ်တဲ့ သားမက်လောင်းကိုလည်း သူတို့က ချစ်သွားမှာပါတဲ့။ သမီးဖြစ်သူ ဝတ်မှုန် ရွှေရည်ရဲ့ စိတ်တိုင်းကျပါပဲလို့ ဆိုပါတယ်။

'' သူ့ရဲ့ အိမ်ထောင်ရေးကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူချစ်ဖို့ပဲ လိုတယ်၊ သူ့စိတ်တိုင်းကျပေါ့၊ သားမက်လောင်းကိုလည်း သတ်မှတ် ချက်တွေ မထားပါဘူး သူချစ်တဲ့သူဆို ကိုယ်လည်း ချစ်ရမှာပေါ့။ သူ့ကိုလည်း ဘယ်အရွယ်မှာ အိမ်ထောင်ပြုရမယ်လို့ မသတ်မှတ်ထားဘူး။ သူ ဖူးစာပါတဲ့အချိန်ပေါ့'' လို့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

 

ဝတ်မှုန်ရွှေရည်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ ရင့်ကျက်လာပြီလို့ ဆိုပါတယ်။ သမီးကြီးတစ်ယောက်ဖြစ်တဲ့အတွက်လည်း မိဘတွေ က ထီးလို အားကိုးရတယ် ဆိုပြီးတော့လည်း သြဂုတ်လ ၁၀ရက်နေ့က ကစ်ကစ်ရဲ့ မွေးနေ့ အလှူမှာ ဒေါ်မီမီလွင်က ပြောပြခဲ့တာဖြစ်ပါတယ်။

'' ကစ်ကစ်က အန်တီ့အတွက် အားကိုးရတဲ့ သမီးတစ်ယောက်ပါ။ ထီးလို သမီးမျိုးပါ။ အရိပ်လည်းရတယ်။ ကလေးတစ်ယောက်လိုပဲ အရမ်း ဖြူစင်တယ်။ သမီးနဲ့ ပတ်သက်လာရင် မိခင်တစ်ယောက်ရဲ့ ပူပင်မှုတွေ ကတော့ အများကြီးပဲပေါ့နော်။ အစစအရာရာ အနောက်ကနေ လိုက်ပြီးတော့ သွန်သင်ဆုံးမတာတွေ ရှိပါတယ်။ ကစ်ရဲ့ မပြောင်းလဲ တဲ့ အချက်ကတော့ ကလေးဆန်တာလေးပါပဲ'' လို့ ဆိုပါတယ်။

အလှူလုပ်ရင်း မွေးနေ့ကို ဖြတ်သန်းနေတဲ့ ဝတ်မှုန်ရွှေရည်  

ဝတ်မှုန်ရွှေရည်ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်မီမီလွင်က ကစ်ဟာ အရင်တုန်းကတည်းက မင်းသမီးတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ကစ်ရဲ့ စင်ကာပူနိုင်ငံမှာ ပညာသွားသင်ဖို့ အစစအရာရာ ပြင်ဆင်ထားပြီးမှ အကြောင်းကြောင်းတွေ ကြောင့် မင်းသမီးဖြစ်လာ တာလို့ ဆိုပါတယ်။

'' သူက သူဖြစ်ချင်တဲ့အရာဆိုရင်တော့ ဖြစ်အောင်လုပ်တယ်။ ပါးစပ်စီးတယ်ပေါ့။ ကစ်က နဂိုကတည်းကလည်း မင်းသမီးဖြစ်ဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ဘူး။ သူ့ကိုတော့ အေးချမ်းတဲ့ ဘဝလေးကိုပဲ ဖြတ်သန်း သွားစေချင်တယ်။ သူသာ မင်းသမီးမဖြစ်ခဲ့ရင် စင်ကာပူမှာ ကျောင်း သွားတတ်ဖြစ်နေပြီ၊ သူ့သူငယ်ချင်းတွေ အကုန်လုံးကလည်း စင်ကာပူမှာ ကျောင်းတက်နေကြတယ်''လို့ ဆိုပါတယ်။ 

 

သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နှလုံးသားဖြင့် ပြုလုပ်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က