• ဝိုင်းစုရဲ့ Birthday Surprise ကြောင့် ပျော်ရွှင်နေတဲ့ အောင်လ

မွေးနေ့ဆိုရင် မုန်းတတ်သူတစ်ယောက်ပါတဲ့။

စက်တင်ဘာလ ၁၇ ရက်နေ့မှာကျရောက်တဲ့ အဆိုတော်အောင်လရဲ့ မွေးနေ့မှာ ချစ်သူလေး ဝိုင်းစုခိုင်သိန်းက Birthday Surprise တွေလုပ်ရင်း မွေးနေ့ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။

image

Photo: Aung La

ဒီနေ့(စက်တင်ဘာလ ၁၇)ရက်နေ့ကတော့ အဆိုတော် အောင်လရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူကောင်မလေး ဝိုင်းစုခိုင်သိန်းက မွေးနေ့ဆုတောင်းစကားတွေ ပြောထားတာ တွေ့ရပါတယ်။

‘’Happy birthday Ko. ဒီနှစ်မွေးနေ့ကစပြီး ကို လိုချင်တဲ့ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးသက်ဆုံးတိုင် ပိုင်ဆိုင်ပါစေ။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ။ ချစ်ကိုလည်း အမြဲချစ်နိုင်ပါစေလို့’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၁၂ နာရီ ၅၄ မိနစ်က အောင်လကို Facebook Tag တွဲရင်း ဆုတောင်းစကား တွေပြောခဲ့ တာဖြစ်ပါတယ်။

image

Photo: Wine Su

ချစ်သူဖြစ်တဲ့ အောင်လ အတွက် ဝိုင်းစုခိုင်သိန်းက မွေးနေ့ Surprise တွေ လုပ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဝိုင်းစုရဲ့ Surprise ကြောင့်လည်း အများကြီးပျော်ခဲ့ရတယ်လို့ အောင်လက ဆိုပါတယ်။

‘’Surprise တော့ လုပ်ပေးကြတာပဲ။ သို့ သော် အိမ်ကို စောပြီး ပြန်ရောက်ခဲ့သော မိမိ မှာ studio ခန်းထဲ ဝင်မိသော အခါ။အထဲ က တခါးlock ကို အတင်းလက်နဲ့ ပိတ်ထားသေးတယ်။ လူမိ surprise ဖြစ်သွားရော။ But anyway မွေးနေ့ ကို မုန်းတဲ့ ကိုယ့် အတွက် တော်တော် တော့ ရယ်ခဲ့ရတယ် ။ပျော်တယ်ပေါ့။’’ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Aung La

အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဟာ အခက်အခဲ၊ အတိုက်အခိုက်တွေ ကြားထဲက လက်တွဲလာခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မှန်တဲ့ ဘဝလက်တွဲဖော်အဖြစ် မိသားစုဘဝကို တည်ဆောက်ချင်တယ်လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့ ည ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

''အခုလက်ရှိအချိန်မှာ ဝိုင်းစု အရမ်းပျော်တယ်။ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တဖြည်းဖြည်း ပိုပို သိလာရတယ်။ အဲ့ဒီ အတွက်လည်း ရင်ထဲက အစစ်အမှန်လာတဲ့ မေတ္တာစစ်တွေအတွက် ကျေးဇူးတင်ပါတယ် 'ကို' ဝိုင်းစုတို့ နှစ်ယောက်အတွက် အရေးအကြီးဆုံးက ငွေကြေးဥစ္စာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဘဝလက်တွဲဖေါ်နဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝကိုပဲ တည်ဆောက်ချင်တာပါ။ အဲ့ဒီဘဝကို အခုပိုင်ဆိုင်ထားရတဲ့အတွက်လည်း ပီတိဖြစ်တယ်'' လို့ ဆိုပါတယ်။

Photo: Aung La

အောင်လနဲ့ ဝိုင်းစုတို့ဟာ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ အတူတူသွားဖြစ်နေတာ တွေ့ရပါတယ်။ အဆိုတော် အောင်လနဲ့ ဝိုင်းစုတို့အတွဲ လေးက တကယ့်ကို ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားကြတာပါ။ သူတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က