ကားနှစ်စီးလုံး လုယက်သူတွေထံ ပါသွားပါတယ်။

ရန်ကုန်မှာ ဒီဇင်ဘာ ၂၇ ရက် (ဒီနေ့) တစ်ရက် ထဲမှာဘဲ Taxi ကားနှစ်စီး လုယက်ခံရပြီးတော့ ဒရိုင်ဘာတစ်ယောက်ကတော့ ဓါးထိုးခံရပြီး ဆေးရုံမှာ ကုသမှုခံယူနေရတယ် လို့ အလုခံရတဲ့ Taxi ကားပိုင်ရှင်တွေ ဆီက သိရပါတယ်။



အင်းစိန်မှာ ဓါးနဲ့ထိုးပြီး လုယက်သွားတာက တော့ ကားနံပတ် HH-1254-YGN ကားဖြစ်ပြီးတော့ ဒီနေ့ ညနေ ၆ နာရီလောက်မှာ လုယက်ခံရကာ ဒရိုင်ဘာကို အင်းစိန်ဆေးရုံမှာ တင်ထားရတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်က ကားပိုင်ရှင်ပါ။ အသေးစိတ်ကိုမေးမလို့ ဆေးရုံသွားဖို့ က ညမထွက်ရအမိန့်ရှိနေလို့ မသိရဘူး။ ဆေးရုံပို့ပေးတဲ့ ကယ်ရီသမားတွေပြောတာကတော့ ဒရိုင်ဘာ ကို ပေါင်နဲ့တင်ပါးကို ဓါးထိုးသွားတာ ကားလည်းပါသွားတယ်။ လူနှစ်ယောက်လို့ပြောတယ်၊ အခုခွဲစိတ်ဖို့လုပ်နေတယ် လို့ သိရတယ် " လို့ အင်းစိန်မြို့နယ် မှာ လူယက်ခံရခဲ့တဲ့ ကားပိုင်ရှင် ကိုသန့်စင်လင်း ကပြောပါတယ်။

ဒီနေ့ နေ့လယ် ၃ နာရီလောက်ကလည်း အမှတ် ၃ လမ်းမ ပေါ် ဇေကမ္ဘာဝန်းအကျော်နားမှာလည်း TAXI 5i-3738 YGN ကား လုယက်ခံရတယ် လို့ ကားပိုင်ရှင် ကိုဇော်ထွန်းလင်း ကပြောပါတယ်။

"ဒရိုင်ဘာ ကတော့အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ရိုက်နှက်ခံလိုက်ရလို့ ဖူးရောင်ခေါင်းကွဲထားတယ်။ ကျွန်တော်တို့အမှုသွားဖွင့်နေချိန်ပဲ အင်းစိန်မှာ ကားတစ်စီးလုခံရတဲ့လို့ လာတိုင်တာလည်းကြားတယ်။ ကားကတော့ ပါသွားတယ် " လို့ ကိုဇော်လင်းထွန်း ကပြောပါတယ်။

အဆိုပါကာကားကိုတော့ အမှတ် ၃ လမ်းမ ပေါ် ဇေကမ္ဘာဝန်းအကျော်နားမှာတော့ ကားခပေးဖို့ ငွေသွားယူမယ်ဆိုပြီး ရိုက်လုသွားတာဖြစ်တဲ့လို့ လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က